သံယောဇဉ်နဲ့ အတ္တတို့ရဲ့ အားပြိုင်မှုကိုတွေ့ရမဲ့ Gifted

တော်တော်များများက Chris Evan ဆိုလို့ရှိရင် Captain America ဇာတ်ကောင်နဲ့ပဲသိကြတာများပါတယ်။ အခုဒီကားထဲမှာဆိုရင်တော့ Captain America ဇာတ်ရုပ်ထဲကခွဲထွက်ပြီးတော့ တူမကိုချစ်တတ်တဲ့ ဦးလေးအဖြစ်သရုပ်ဆောင်ထားတာပါ။ ဒီကားလေးရဲ့ နာမည်ကတော့ Gifted ပါ။ Chris Evan ရဲ့ ပရိသတ်တော်တော်များများလည်း သိကြမယ်ထင်ပါတယ်။

 

ဇာတ်လမ်းအကျဉ်းလေးကတော့ Frank Alder ကသူရဲ့တူမဖြစ်တဲ့ Mary လေးကို ပြုစုစောင့်ရှောက်နေတဲ့ Single ဦးလေးတယောက်ပါ။ Mary က တခြားကလေးတွေနဲ့မတူဘဲ သင်္ချာတွက်တဲ့နေရာမှာ အရမ်းကိုထူးချွန်တဲ့ တမူထူးခြားတဲ့ ကလေးတယောက်ပါ။ Mary လေးက ဘာကြောင့် ဒီလို ထူးချွန်နေရတာလည်းဆိုရင်တော့ Mary ရဲ့အမေက ကမ္ဘာမှာ အတော်ဆုံး သင်္ချာပညာရှင်ထဲက တစ်ယောက်ပါ။ ဒါပေမဲ့ Mary လေးကို မွေးပြီးတဲ့အချိန်မှာ သူ့ကိုယ်သူ သတ်သေခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ပဲ Mary လေးကို Frank Alder က စောင့်ရှောက်ဖို့ ဖြစ်လာခဲ့တာပါ။

 

 

ဒီလိုနဲ့ Mary လေးတစ်ယောက် မူကြိုတက်ရတဲ့ အချိန်မှာ Mary ရဲ့ အဖွားက ရောက်လာပါတယ်တော့တယ်။ ကလေးကို ကစားစရာတွေပေးပြီး Frank ဆီကနေ ကလေးကို ခေါ်သွားပါတယ်။ အဖွားဖြစ်သူရဲ့ အဓိကရည်ရွယ်ချက်ကတော့ Mary ကို သူ့အမေမဖြေရှင်းနိုင်ခဲ့တဲ့ ပုစ္ဆာကို ဖြေရှင်းခိုင်းဖို့ပါပဲ။

 

Mary လေးတစ်ယောက် ဘယ်သူ့ဆီကို သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ပြီးတော့ ဘာကြောင့် Mary ရဲ့အမေက သူ့ကိုယ်သူသတ်သေသွားခဲ့ရတာလဲ ဆိုတာကို Family Drama ပုံစံလေးရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီအပြင်ကို Mary နေရာမှာ သရုပ်ဆောင်တဲ့ Grace လေးရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုက ဇာတ်ကားကို ပိုပြီးတော့ အသက်ဝင်စေတာတော့ အမှန်ပါပဲ။ IMDb rating 7.6/10 ရရှိထားပြီးတော့ ကြည့်ပြီးသွားတာနဲ့ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့စေမယ့် ကားကောင်းလေးတစ်ကားဆိုတာ လုံးဝကိုသေချာပါတယ်နော်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *