Hailee Steinfeld နဲ့ Bumblebee တို့ကိုယှဉ်တွဲဖော်ပြထားတဲ့ ‘Bumblebee: The Movie’ ရဲ့ပထမဆုံးပုံ

ခေတ်သစ် Transformers series ရဲ့ ပထမဦးဆုံး spin-off ဖြစ်တဲ့ ‘Bumblebee: The Movie’ ရဲ့ ပထမဦးဆုံးပုံထွက်ရှိလာပါပြီ။ ဒီပုံထဲမှာ အဓိကလူဇာတ်ရုပ်ဖြစ်တဲ့ Charlie Watson နဲ့ Bumblebee တို့ကို ယှဉ်တွဲပြီးမြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၉၈၀ ခုနှစ်မှာဇာတ်အိမ်တည်ထားတာဖြစ်တဲ့အတွက် Bumblebee ကို အဲဒီခေတ်က Bumblebee ရဲ့အသွင်ဖြစ်တဲ့ Volkswagen Beetle ပုံစံနဲ့မြင်တွေ့ရမှာပါ။

‘Bumblebee: The Movie’ ကို ‘Kubo And The Two Strings’ ရုပ်ရှင်ရဲ့ဒါရိုက်တာဖြစ်တဲ့ Travis Knight ကရိုက်ကူးသွားမှာဖြစ်ပြီး ခေတ်သစ် Transformers ဇာတ်လမ်းတွေထဲက Michael Bay မရိုက်ကူးတဲ့ ပထမဦးဆုံးဇာတ်ကားဖြစ်လာမှာဖြစ်ပါတယ်။ Charlie Watson ဇာတ်ရုပ်ကို True Grit (၂၀၁၀)၊ Ender’s Game (2013)၊ Pitch Perfect 2 (၂၀၁၅) နဲ့ Pitch Perfect 3 (၂၀၁၇) စတဲ့ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Hailee Steinfeld ကသရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သူမဟာ အမှိုက်ပုံထဲမှာပုန်းနေတဲ့ Bumblebee ကိုရှာတွေ့ခဲ့သူအဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

၁၉၈၀ ခုနှစ်ကဖက်ရှင်နဲ့လန်းနေတဲ့ Hailee Steinfeld နဲ့ Bumblebee တို့ကို Empire မဂ္ဂဇင်းကထုတ်ပြန်ခဲ့တဲ့အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

Bumblebee The Movie

Source: Empire

ကျွန်တော် Transformers series ကိုနှစ်သက်ပါတယ်၊ ဒါပေမယ့် နောက်ဆုံးထွက်ရှိထားတဲ့ Transformers ဇာတ်ကားတွေက အသစ်ပါလာတဲ့ Bot အချို့ကလွဲပြီး ဖန်တစ်ရာတေနေတဲ့ဇာတ်ကွက်တွေကြောင့် ကျွန်တော့်ကိုမချင့်မရဲဖြစ်စေခဲ့ပါတယ်။ ဒါရိုက်တာ Michael Bay ရဲ့ explosion magic တွေက ကျွန်တော့်အပေါ်မှာ အရင်ကလောက်သက်ရောက်မှုမရှိတော့တာကြောင့်လည်းပါမှာပါ။ အဲဒါကြောင့် အသွင်သစ်၊ ဒါရိုက်တာအသစ်၊ ဇာတ်အိမ်တည်ဆောက်ပုံအသစ်နဲ့ ဒီ Bumblebee ဇာတ်ကားကိုတော့ အရင်ဇာတ်ကားတွေထက်အများကြီးပိုမျှော်လင့်မိပါတယ်။ ‘Bumblebee: The Movie’ ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *