ကိတ်မုန့်တိုက်ပွဲကြားက Halle Berry

အော်စကာဆုရှင်တစ်ယောက်ဖြစ်သလို၊ Emmy ဆုနဲ့ ရွှေကမ္ဘာလုံးဆုရှင်လည်းဖြစ်တဲ့ နာမည်ကျော် မင်းသမီး Halle Berry ဟာ သြဂုတ်လ ၁၄ ရက်နေ့တုန်းက အသက် ၅၂ နှစ် ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အဲဒီနေ့မှာ သူမဟာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ သူမရဲ့ မွေးနေ့ပွဲလေးကို ရိုးရှင်းပျော်ရွှင်စွာ ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးတော့ Halle ဟာ သူမရဲ့ မွေးနေ့တုန်းက ပျော်ရွှင်စရာ ပုံရိပ်လေးတွေကို သူမရဲ့ Instagram ပေါ်မှာ အမှတ်တရအဖြစ် တင်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ သူမတင်ထားတဲ့ ဗီဒီယိုလေးတွေ၊ ဓာတ်ပုံလေးကို မြင်ရသလောက် ပြောရမယ်ဆိုရင်တော့ Halle ရဲ့ မွေးနေ့လေးဟာ တော်တော်လေးကို ပျော်စရာကောင်းပုံရတဲ့ မွေးနေ့ပွဲပဲ ဖြစ်ပါတယ်။

 

 

ဘာဖြစ်လို့လဲဆိုတော့ မွေးနေ့တော်တော်များများမှာက မွေးနေ့ကိတ်ဆိုတာတွေကို ကြွကြွရွရွလေးခွဲပြီး၊ စတိုင်လ်တွေ မလိုင်တွေနဲ့အတူတူ ဖြည်းဖြည်းလေးတွေ ခွံ့ကျွေးကြ၊ နောက်… လှလှပပလေးတွေ စားလေ့ရှိတတ်ကြတာ မဟုတ်လား။ ဒါပေမဲ့ Halle မွေးနေ့မှာတော့ သူမနဲ့ ဘော်ဒါတွေဟာ မွေးနေ့ကိတ်မုန့်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် အားရပါးရပစ်ပေါက်ပြီး ဖိုက်တင်ချနေခဲ့ကြရင်း ပျော်ရွှင်စွာနဲ့ အော်ဟစ်ဗြောင်းဆန်နေခဲ့ကြတာမို့ပဲ ဖြစ်ပါတယ်။

 

 

Halle ဟာ သူမမွေးနေ့မှာ ၁၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမရဲ့သမီးဦးလေး Nahla ဆီကနေပြီး ပုံတူပန်းချီကားလေးကို လက်ဆောင်ရခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီပုံလေးကို Halle က သူမရဲ့ Instagram Stories မှာ ချစ်မြတ်နိုးစွာနဲ့ တင်ထားတာကို တွေ့ခဲ့ရပါသေးတယ်။ ၁၉၉၃ ခုနှစ်ကနေပြီး ၂၀၁၀ အထိတိုင် အိမ်ထောင် လေးဆက်လောက် ကျခဲ့ဖူးတဲ့ Halle မှာ သမီးလေး Nahla အပြင်၊ ၄ နှစ်အရွယ် သားငယ်လေး Maceo လည်း ရှိသေးတယ်လို့ သိရပါတယ်။

“ကျွန်မကလေးတွေကို ကြင်နာတတ်တဲ့ ကလေးတွေ ဖြစ်စေချင်ရင်၊ ကျွန်မက သူတို့ကို ကြင်ကြင်နာနာနဲ့ အရင်ဆုံး ဆက်ဆံပြရမှာပါ” လောလောဆယ်မှာ Single ဖြစ်နေတဲ့ Halle ဟာ ရင်သွေးတွေကို ခင်ပွန်းဟောင်းတွေနဲ့အတူ တစ်လှည့်စီ အုပ်ထိန်းနေတယ်လို့ သိရပါတယ်။

 

View this post on Instagram

It’s #FitnessFriday and today it’s all about having fun! We all agree that we don’t always love to work out. However, one thing that makes it bearable for me is my ability to laugh and play and have fun while I’m doing it. Truth is, sometimes I have to laugh to keep from crying, especially during my John Wick training which is no joke! If you can find ways to incorporate play into your workout, it will be something that you actually look forward to doing every day. Today in my Stories and Fitness Highlight I offer you a few fun exercises that you can do with things around your house…like paper plates and sticks! Go ahead, laugh, it’s funny. Enjoy and have a fun weekend 😂❤️💪🏽 #FitnessFridayHB

A post shared by Halle Berry (@halleberry) on

 

Halle ဟာ၂၀၀၂ ခုနှစ်တုန်းက အော်စကာဆုပေးပွဲမှာ Monster’s Ball ဆိုတဲ့ ဒရာမာဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးတော့ သူမဟာ အခုချိန်ထိတိုင်အောင် အဲဒီဆုအမျိုးအစားကိုရခဲ့တဲ့ တစ်ဦးတည်းသော လူမည်းမင်းသမီး ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါတွင်မကသေးပါဘူး၊ ဟောလီးဝုဒ်က အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကား အများအပြားထဲမှာ ပါ၀င်သရုပ်ဆောင်ခဲ့လေတဲ့ Halle ဟာ အခုအသက်အရွယ်ထိတိုင်အောင် ကျန်းမာစွာနဲ့ နုပျိုလန်းဆန်းနေတာကတော့ အားလုံး မြင်ရတဲ့အတိုင်းသာ ဖြစ်ပါတော့တယ်။ ။

Leave a Reply

Your email address will not be published. Required fields are marked *