American Horror ကြိုက်သူတွေအတွက် မကြာခင်ရုံတင်ပြတော့မယ့် Hellraiser: Judgment

၂၀၁၈ ဟာ Horror ရုပ်ရှင်နှစ်လို့ဆိုရလောက်အောင် နှစ်အစကတည်းက Horror ရုပ်ရှင်တွေ ဝင်ရောက်လာခဲ့တာ တစ်လပြီးတစ်လပါဘဲ။ အခုလည်း ၂၀၁၈ ဖေဖော်ဝါရီလမှာ ရုံတင်ပြတော့မယ့် Horror ဇာတ်ကားကောင်း တစ်ကားအဆင်သင့် ရှိနေပါပြီ။ ဒါကတော့ အရှေ့မှာ seriser ပေါင်းများစွာ ထွက်ရှိထားတဲ့ Hellraiser ဘဲဖြစ်ပါတယ်။ ဒီတခါ Hellraiser: Judgment ကတော့ official trailer ကြည့်ရုံနဲ့တင် သေလို့ရနေပါပြီ။ ဇာတ်လမ်ပုံစံကတော့ Sean Carter, David Carter, and Christine Egerton  ဆိုတဲ့ စုံထောက် ၃ယောက်ဟာ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သတ်နေသော ယုတ်မာတဲ့ လူသတ်ကောင်ကို အန္တာရာယ်အခက်ခဲတွေ   ကြားထဲကနေ ဘယ်လိုရှာဖွေသွားမလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပြီး လူသတ်ကောင်တွေရဲ့ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းအောင် ယုတ်မာစွာသတ်ဖြတ်ပုံတွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Release date ကတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာဖြစ်လို့ မကြာခင်အချိန်တွင်းမှာ ကြည့်ရှု့နိုင်တော့မှာဖြစ်ပါတယ်ဆိုတာ သတင်းကောင်းပါလိုက်ပါတယ်နော်။ 

Leave a Reply

Your email address will not be published. Required fields are marked *