လက်တွေ့ကမ္ဘာထဲကိုရောက်လာတော့မယ့် Stranger Things

Netflix အတွက်ဝင်ငွေအများဆုံးစံချိန်ကိုချိုးပေးခဲ့တဲ့ Stranger Things ထဲက Hawkins ဓာတ်ခွဲခန်းကြီးထဲကို ဝင်ကြည့်ချင်တဲ့ဘော်ဘော်တွေကို လက်တို့လိုက်ကြပါဦး!!! ဒီနှစ် Halloween မှာ Stranger Things ဟာ Universal Studio ဆီကို အရောက်လာတော့မှာတဲ့။

စိတ်ကူးယဉ်ဆန်လွန်းတဲ့ မှော်ဆန်တဲ့ဇာတ်လမ်းတွေဖြစ်တဲ့ Harry Potter လိုမျိုးဇာတ်ကားတွေဟာ Universal Studio တွေကို အပိုဝင်ငွေသောက်သောက်လဲပေးနိုင်တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။ အခုဒီတစ်ခေါက်လဲ အကွက်မြင်လွန်းတဲ့ Universal Studio ကတော့ Stranger Things ကို Studio လောကထဲကို ခေါ်သွင်းလာတော့မယ့်အကြောင်း ကြေငြာလိုက်ပါပြီ။

ဇာတ်ကားရဲ့ theme နဲ့လည်းတကယ်ကိုလိုက်ဖက်ပြီး လူတွေကိုဆွဲဆောင်နိုင်မယ့် Halloween Horror Nights ကြီးကို Universal Studio မှာ ဝင်ရောက်ဆင်နွှဲနိုင်တော့မှာဖြစ်ပြီး ပြုလုပ်သွားမယ့်နေရာတွေကတော့ Hollywood, Universal Orlando Resort နဲ့ Universal Studios Singapore တို့ဖြစ်ပါတယ်။ ကိုယ်တွေနဲ့ နည်းနည်းနီးစပ်တဲ့ Singapore ပါလို့ ယူတို့ကိုလက်တို့တာနော်။ အက်မင်ကတော့ ရုံးပိတ်ရက်နဲ့ကိုက်ရင်တော့ ပိုက်ပိုက်စုပြီးသွားချင်မိ😋 Demogorgon နဲ့တွေ့ချင်မိသလို အစစ်မဟုတ်ရင်တောင် Eleven နဲ့ Mike လေးကိုတွေ့ချင်လို့ပါ။

ဇာတ်ကားထဲက scene တွေကို လက်တွေ့ခံစားလို့ရအောင် ဒီဇိုင်းလုပ်ထားမှာဖြစ်ပြီး storyline တွေလဲပါမှာပါတဲ့။ Hollywood, Orlando မှာတော့ စက်တင်ဘာလ ၁၄ ရက်နေ့မှာလုပ်မှာဖြစ်ပြီး Singapore မှာတော့ စက်တင်ဘာလ ၂၈ရက်နေ့လုပ်မှာလို့သိရပါတယ်။ အသေးစိတ်အချက်တွေကိုတော့ မထုတ်ပြန်ထားသေးပေမယ့် လက်မှတ်တွေကိုတော့ စရောင်းနေပြီဖြစ်ပြီး www.HalloweenHorrorNights.com မှာ ကြိုဝယ်ထားလို့ရပါပြီတဲ့နော်။

အနိမ့်ဆုံးစျေးနှုန်းကတော့ S$50 ဖြစ်လို့ မြန်မာငွေနဲ့ ငါးသောင်းကျော်ကျော်လေးပဲကျမှာပါ။ စျေးနှုန်းနဲ့ အချိန်တွေကို အောက်မှာပြထားပေးပါတယ်နော်။ စင်ကာပူစျေးနှုန်းပဲပြထားပေးတာပါ။

ကဲ သွားဖို့ပိုက်ပိုက်စုမယ်။ သူငယ်ချင်းတွေနဲ့တိုင်ပင်မယ်။ အိမ်ကိုခွင့်တောင်းရမယ့်လူတွေလဲ ကြိုပြီးခွင့်တောင်းထားလိုက်ကြတော့နော်😇

Leave a Reply

Your email address will not be published. Required fields are marked *