ဂင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့ Hugh Jackman နဲ့ Sir Patrick Stewart

X-Men ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ Hugh Jackman နဲ့ Sir Patrick Stewart တို့ဟာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်မှာ နေရာယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူတို့ဟာ Marvel ရဲ့ mutant superhero တွေဖြစ်ကြတဲ့ Wolverine( Logan ) နဲ့ Professor Charles Xavier အဖြစ် အချိန်ကြာမြင့်စွာ သရုပ်ဆောင်ခဲ့တာကြောင့် ဒီလိုစံချိန်ချိုးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးကို ITV ရုပ်သံလိုင်းရဲ့ show တစ်ခုဖြစ်တဲ့ “This Morning” show မှာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအဖွဲ့က ဆုတံဆိပ်ပေးအပ်ခဲ့ပါတယ်။

 

Sir Patrick Stewart ဟာ ဒီသတင်းကိုသိသိချင်းမှာပဲ Hugh Jackman ဆီ video message တစ်ခုပို့ပေးခဲ့ပြီး ဒီ message ထဲမှာတော့ ဒီလို စံချိန်တင်နိုင်ခဲ့တာကို ဂုဏ်ယူကြောင်းနဲ့ နံရံမှာချိတ်ဖို့နောက်ထပ် ဆုတစ်ဆုထပ်ရပြီဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။

 

သူတို့နှစ်ဦးစလုံးဟာ ၂၀၀၀ ခုနှစ် ကစလို့ ၂၀၁၇ ခုနှစ်က Logan အထိ X-Men ရုပ်ရှင်တွေမှာ ဆက်တိုက်ပါဝင်ခဲ့ကြပါတယ်။ X-Men ရုပ်ရှင်တွေထဲမှာ သူတို့ပါဝင်ခဲ့တဲ့အချိန်ကာလကို တွက်ကြည့်ရင်တော့ ၁၆ နှစ်နဲ့ ၂၂၈ ရက်ရှိခဲ့ပါတယ်။ နောက်ဆုံးဇာတ်ကားမှာ Logan သေသွားတဲ့အပြင် Hugh Jackman ကလည်း စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တာကြောင့် X-Men franchaise ကတော့ အဆုံးသတ်ပြီးပြီဖြစ်ပေမယ့် X-Men ဇာတ်လမ်းတစ်ခုပဲဖြစ်တဲ့ Dark Phoenix ကိုတော့ ဒီနှစ်ထဲမှာရုံတင်ပြသဖို့ရှိပါတယ်။ ဒီ Dark Phoenix ကတော့ ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ X-Men: Apocalypse ရဲ့ sequel ဖြစ်ပြီး X-Men series တွေရဲ့ ၁၂ ကားမြောက်ဇာတ်ကားလည်း ဖြစ်ပါတယ်။

 

သူတို့နှစ်ယောက်နောက်မှာတော့ Iron Man အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Robert Downey Jr. ရှိနေပြီး ခြောက်နှစ်အတွင်းမှာ Iron Man ဇာတ်ကောင်ကို ဆက်သရုပ်ဆောင်ဖို့ရှိမယ်ဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့စံချိန်ကိုချိုးနိုင်မှာဖြစ်ပါတယ်။

 

 

Source- https://www.independent.co.uk

Leave a Reply

Your email address will not be published. Required fields are marked *