‘Incredibles 2’ ရဲ့ Trailer ထွက်ပြီ

၂၀၁၈ ရဲ့ အစောင့်မျှော်ခံရဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ The Incredibles 2 ရဲ့ Trailer ထွက်ရှိလာပါပြီ။ ဒီရုပ်ရှင်ကို လူတွေဘယ်လောက်တောင် စောင့်နေကြသလဲဆိုရင် Youtube ပေါ်တင်ပြီး ၂၄ နာရီအတွင်းမှာ view ၇ သန်းခန့်နဲ့ Trending #1 ဖြစ်နေတဲ့အထိပါပဲ။ ကိုယ်တွေလည်း ၁၄ နှစ်ကျော်ကြာ မျှော်လင့်ခဲ့ရတဲ့ ဇာတ်ကားရဲ့ Trailer ဆိုတော့ စက္ကန့်မဆိုင်း ပြေးကြည့်လိုက်ပါတယ်။

 

Trailer က ပထမဇာတ်ကား အဆုံးသတ်သွားတဲ့ The Underminer အခန်းကနေ စတင်ထားပါတယ်။ ပြီးတော့ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်က Mr. Incredible မဟုတ်ပါဘူး.. သူ့ရဲ့ဇနီးဖြစ်တဲ့ Elastigirl ဖြစ်ပါတယ်။ ဒါဆို Mr. Incredible က ဘာတွေလုပ်နေမှာလည်း.. သူက အိမ်မှာနေပြီး ကလေးထိန်းရမှာဖြစ်ပါတယ်။ သူတို့ရဲ့ သားအငယ်ဆုံးလေး Jack-Jack ကလည်း စူပါပါဝါတွေ ရလာပြီဆိုတော့ Mr. Incredible ခမျာ သက်စွန့်စံဖျားနဲ့ အိမ်မှုကိစ္စတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။

 

Incredibles 2 ရဲ့ဇာတ်လမ်းကို မူလဇာတ်လမ်းရဲ့ဖန်တီးရှင် ဒါရိုက်တာ Brad Bird ကပဲ ဆက်လက်ဖန်တီးထားပါတယ်။ အဲဒါကြောင့်လည်းပဲ ဒီ trailer ကိုကြည့်လိုက်တာနဲ့ ပထမဇာတ်ကားကို အငွေ့အသက်တွေကို ပြန်လည်အောက်မေ့သတိရစေပါတယ်။ ဒီ trailer ထဲမှာ Incredibles ဇာတ်လမ်းကို လူတွေနှစ်သက်ကြရတဲ့ အကြောင်းရင်းတွေဖြစ်တဲ့ Family နဲ့ Comedy element တွေကို ရင်းရင်းနှီးနှီး ပြန်လည်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

 

Incredibles 2 ကို ကြည့်ခွင့်ရဖို့ အများကြီးစောင့်စရာမလိုတော့ပါဘူး… ၂၀၁၈ ဇွန်လ ၁၅ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *