‘Incredibles 2’ က ကာတွန်းကားတစ်ကားအနေနဲ့ ကြိုတင်ရောင်းချငွေ အများဆုံး စံချိန်တင်ဖို့ အလားအလာရှိနေ

incredibles-2

Incredibles 2 ကတော့ စံချိန်တွေချိုးဖို့ ရယ်ဒီဖြစ်နေပါပြီ။ အမေရိကန်က ရုပ်ရှင်လက်မှတ်ရောင်းချတဲ့ service တစ်ခုဖြစ်တဲ့ Fandango က Incredibles 2 ဟာ ယခင်က ကြိုတင်ရောင်းချငွေ အများဆုံး စံချိန်တင်ထားခဲ့တဲ့ ‘Finding Dory’ ကိုကျော်လွန်ပြီး စံချိန်သစ်တင်ဖို့ အလားအလာ အလွန်ကောင်းနေပါတယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ Fandango မှ တာဝန်ရှိသူတစ်ဦးက အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

 

ဒီရုပ်ရှင်က နဂိုကတည်းကမှ အရမ်း hype နေကြတဲ့အပြင် ကလေးတွေကျောင်းပိတ်ချိန်နဲ့ ကွက်တိဆိုတော့ သေချာပေါက် ဝင်ငွေကောင်းမှာပါ

 

လောလောဆယ် ခန့်မှန်းချက်တွေအရ Incredibles 2 ဟာ မြောက်အမေရိကဒေသမှာ ရုံဖွင့်ဝင်ငွေ ဒေါ်လာ သန်း ၁၂၀ ကနေ သန်း ၁၄၀ ကြား ရရှိလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။ ဒီပမာဏဟာ ကာတွန်းဇာတ်ကားတစ်ခုအနေနဲ့ အလွန်များပြားတဲ့ ပမာဏတစ်ခုဖြစ်ပါတယ်။ ယခင်စံချိန်တင်ထားတဲ့ Finding Dory ဟာ ရုံဖွင့်ဝင်ငွေ ဒေါ်လာ ၁၃၅ သန်းရရှိခဲ့ပြီး အခြားနာမည်ကြီး ကာတွန်းကားတွေဖြစ်တဲ့ Zootopia ဟာ ဒေါ်လာ ၇၅ သန်း၊ Frozen ဟာ ဒေါ်လာ ၆၇ သန်းအသီးသီးတို့သာ ရရှိခဲ့ကြပါတယ်။

 

Incredibles 2 ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်က ထုတ်ဝေခဲ့တဲ့ Incredibles ရဲ့ အဆက်ဖြစ်ပါတယ်။ ဒါ့အပြင် Incredibles ဟာ Sequel ထုတ်ပေးဖို့ ပရိသတ်တွေ တောင်းဆိုခြင်းအခံရဆုံး ဇာတ်ကားတွေထဲက တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ အခုလိုမျိုး ခန့်မှန်းချက်တွေထွက်ပေါ်လာတာဟာ မဆန်းလှဘူးလို့တောင် ပြောလို့ရပါတယ်။

 

ဒီဇာတ်ကားမှာဆိုရင် Parr မိသားစုရဲ့ အငယ်ဆုံး Member လေးဖြစ်တဲ့ Jack-Jack လေးဟာ ပါဝါတွေ ရရှိလာပြီဖြစ်ပါတယ်။ အဲဒီ Jack-Jack လေးကို ထိန်းဖို့ကတော့ Mr.Incredible က တာဝန်ယူမှာဖြစ်ပြီး သူတို့တွေရဲ့ အလွဲလေးတွေကို Trailer ထဲမှာ အမြည်းကြည့်လို့ရပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ရဖို့ အများကြီးစောင့်စရာမလိုတော့ပါဘူး.. ဇွန်လ ၁၅ ရက်နေ့ဆိုရင် စတင်ပြသပြီပဲဖြစ်ပါတယ်။

 

 

Ref: THR

Leave a Reply

Your email address will not be published. Required fields are marked *