Star Wars: The Last Jedi ကို အာကာသထဲမှာကြည့်ခဲ့ကြသူများ

သင် Star Wars: The Last Jedi ကို ဘယ်မှာသွားကြည့်ခဲ့ပါသလဲ။ Star Wars ချစ်သူတွေကတော့ ရုပ်ရှင်ကို အပြည့်အဝခံစားဖို့ အသံစနစ်အကောင်းစားနဲ့ 3D ရုပ်ရှင်ရုံတွေမှာသွားကြည့်ကြမှာပါ။ ပိုက်ဆံခြွေတာချင်သူတွေ၊ ရုံမှာသွားကြည့်ဖို့အဆင်မပြေသူတွေကလည်း အိမ်မှာ cam မှုန်မှုန်ဝါးဝါးလေးကိုကြည့်ကြမှာပါ။ ဒါပေမယ့် သင် IMAX ရုံမှာပဲကြည့်ကြည့်၊ Dolby Atmos ရုံမှာပဲကြည့်ကြည့် International Space Station (ISS) ပေါ်က ယာဉ်မှူးတွေရဲ့ Star Wars movie session လေးကိုမှီမှာမဟုတ်ပါဘူး။

အာကာသယာဉ်မှူး Mark T. Vande Hei က သူအပါအဝင် ISS ပေါ်ကလူတွေရဲ့ ခရစ်စမတ်ညလေးအကြောင်းကို သူ့ရဲ့ twitter စာမျက်နှာကနေတစ်ဆင့် ဖော်ပြထားခဲ့ပါတယ်။ “ကြိုးကုလားထိုင်၊ သောက်စရာ၊ Sci-Fi ရုပ်ရှင်ကားတွေပါဝင်တဲ့ Space Station ပေါ်က movie night” လို့ဖော်ပြထားခဲ့တဲ့ အဆိုပါ tweet ဟာ Star Wars ချစ်သူတွေအတွက်ကတော့ မနာလိုသွားရေကျချင်စရာပဲ။ Epic Space Opera ကို Space ထဲမှာကြည့်ခွင့်ရတာကတော့ တကယ်ကိုလန်းလွန်းပါတယ်။ ကဲ.. Star Wars ချစ်သူတွေ အောက်ကပုံလေးကိုကြည့်ပြီး ငါသာအဲဒီလိုကြည့်လိုက်ရရင်တော့ကွာ ဆိုပြီး စိတ်ကူးယဉ်ကြည့်လိုက်ကြရအောင်လား။

Movie News

No Comments

Leave a Reply

Your email address will not be published. Required fields are marked *