“Princess And The Matchmaker” ဇာတ်ကားသစ်လေးရဲ့သရုပ်ဆောင်တွေနဲ့ တွေ့ဆုံမေးမြန်း

ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ Princess And The Matchmaker ဇာတ်ကားအသစ်လေးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Lee Seung Gi, Shim Eun Kyung, Jo Bok Rae နဲ့ ပရိတ်သတ်ကြီးတို့ရဲ့အချစ်တော် CNBLUE ရဲ့ Kang Min Hyuk တို့ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ဟာသ Drama လေးဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ပါဝင်သရုပ်ဆောင်ထားရတဲ့ သရုပ်ဆောင်တွေရဲ့ ခံစားချက်အတွေ့အကြုံတွေကို Naver V Live အစီအစဉ်ကနေတစ်ဆင့် ဝေမျှပေးသွားခဲ့ပါတယ်။

 

Kang Min Hyuk ကတော့ ဒီဇာတ်ကားလေးထဲမှာ အရမ်းကိုချောမောခန့်ညားသူတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်ရှင့်။ သူသရုပ်ဆောင်ရတဲ့ ဇာတ်ကောင်နဲ့ လိုက်ဖက်မှုရှိသလားဆိုတဲ့မေးခွန်းကိုတော့ “Most Handsome Man ဆိုတဲ့စကားစုလေးမှာ ‘Handsome Man‘ ဆိုတဲ့စကားလုံးလေးပါဝင်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်တွေထဲမှာ အရမ်း Handsome ဖြစ်တဲ့သူတွေရှိတဲ့အတွက် သူ့အနေနဲ့ ဒီဇာတ်ကောင်ရဲ့ description နဲ့ ၃၀ ရာခိုင်နှုန်းလောက် ကိုက်ညီမှုရှိတယ်လို့ထင်ပါတယ်” လို့ ရယ်မောကာ ဖြေဆိုထားခဲ့ပါတယ်။

 

Shim Eun Kyung လေးကလည်း  “ဒီဇာတ်လမ်းမှာ သူမက အရမ်းကိုရှက်တတ်ပြီးအေးဆေးတည်ငြိမ်တဲ့မင်းသမီးလေးတစ်ပါးအနေနဲ့သရုပ်ဆောင်ထားရပါတယ်၊ ဒီကာရိုက်တာရဖို့သူမကိုအားလုံးကဝိုင်းဝန်းကူညီပြီးသင်ပေးကြတယ်၊ ပြဿနာကသူမကို သင်ပေးတဲ့အဖွဲ့သားတွေနဲ့ အရမ်းကိုခင်မင်လာတဲ့အခါမှာ သူမကအလွန်ကိုစကားများတဲ့သူတစ်ယောက်ဖြစ်လာတယ်၊ သူမကိုသင်ပေးတဲ့သူတွေဝန်ထမ်းတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်” လို့ ဟာသလေးနှောပြီး ဖြေကြားထားခဲ့ပါတယ်။

 

ကဲ ဇာတ်လမ်းအကြောင်းလေး အမြည်းကျွေးမယ်နော်…

 

ဇာတ်ကားလေးက ဟာသ drama ပုံစံလေးပါ။ ဂျိုဆွန်းခေတ်က မင်းသမီးလေး ဆောင်းဟွာရဲ့ ဖူးစာရှင်ရွေးချယ်တဲ့အကြောင်းလေးကိုအခြေခံပြီးရိုက်ကူးထားပါတယ်။ မင်းသမီးလေးဟာ ချောမောလှပသလို အရှက်အကြောက်လည်းကြီးတဲ့သူပါ။ သူမက အောင်သွယ်တော်တွေကြောင့် ဖူးစာဆုံရပြီးလက်ထပ်ရတဲ့ရှေးအယူအဆတွေကို လုံးဝကြိုက်နှစ်သက်သူမဟုတ်ပါဘူး။ ဒါပေမဲ့ သူမကိုသဘောကျနေတဲ့သူတွေထဲမှာ အရည်အချင်းတစ်မျိုးစီနဲ့ နာမည်ကျော်ကြားတဲ့ အမျိုးကောင်းသားလေးဦးကိုတော့ သူမ မဖြစ်လွန်းတဲ့အခြေနေအရ လေ့လာပြီး ရွေးချယ်ဖို့ နန်းတော်အပြင်ကိုထွက်ပြီး ဖူးစာရွေးချယ်မှုကြီးကို စတင်လိုက်ပါတယ်။ အပြင်လောကနဲ့ အထိအတွေ့မရှိတဲ့မင်းသမီးလေးဟာ ဘယ်လိုအလွဲအမှားတွေလုပ်မလည်း၊ ဖူးစာရှင်အစစ်အမှန်ကိုရွေးချယ်နိုင်ခဲ့ရဲ့လား၊ ဖူးစာရှင်လေးဦးရဲ့အရည်အချင်းလေးတွေက ဘာတွေလည်း၊ ဘဝလက်တွဲဖော်ရွေးချယ်တဲ့နေရာမှာ မင်းသမီးလေး ဘယ်လိုအလွဲအမှားတွေနဲ့ကြုံရသလည်း ဆိုတာတွေကိုတော့ Princess And The Matchmaker ဆိုတဲ့ဇာတ်ကားလေးကိုကြည့်ရှုရင်း အဖြေရှာပြီး ရင်ခုန်ဖွယ် ရယ်မောဖွယ် အချိန်ကာလလေးကို ရယူပိုင်ဆိုင်လိုက်ကြပါဦးရှင်…

 

Princess And The Matchmaker ဇာတ်ကားကို ၂၀၁၈ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကျရင် စတင်ပြသသွားမှာဖြစ်ပါတယ်။

 

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *