ကိုရီးယားမှာ လူကြိုက်များအောင်မြင်နေတဲ့ Intimate Strangers

အောက်တိုဘာလကုန်လောက်ကတည်းက ထွက်ရှိလာခဲ့တဲ့ တောင်ကိုရီးယား ဟာသရုပ်ရှင်ဇာတ်ကား Intimate Strangers ကတော့ အခုတလော ကိုရီးယားနိုင်ငံအတွင်းမှာ အရမ်းကို လူကြိုက်များအောင်မြင်လို့နေပြီး ဒီနှစ် ၂၀၁၈ ခုနှစ်ရဲ့ ရုပ်ရှင်လက်မှတ်စောင်ရေ လေးသန်းကျော်လောက်အထိ ရောင်းချနိုင်ခဲ့တဲ့ တစ်ကားတည်းသော ဟာသရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

Intimate Strangers ဇာတ်ကားဟာ တောင်ကိုရီးယားနိုင်ငံအတွင်းမှာ အောက်တိုဘာလ ၃၁ရက်နေ့မှာ စတင်ပြသခဲ့ပြီး ရုံတင်ပြီး ၁၇ရက်အတွင်းမှာပဲ လက်မှတ်စောင်ရေပေါင်း ၄သန်းအထိ ရောင်းချနိုင်ခဲ့ပါတယ်။ Intimate Strangers ဇာတ်ကားဟာ လက်ရှိ ကိုရီးယား Box Office ရဲ့ ထိပ်ဆုံးနေရာမှာ ၂ပတ်ဆက်တိုက် ရပ်တည်ထားနိုင်ခဲ့ပြီး ဒီရက်ပိုင်းငမှ အသစ်ထွက်ရှိလာခဲ့တဲ့ Hollywood ဇာတ်ကား Fantastic Beasts: The Crimes of Grindelwald နဲ့ နိုင်ငံတကာမှာ အရမ်းကို ရေပန်းစားလို့နေတဲ့ Bohemian Rhapsody ဇာတ်ကားတွေကို နောက်ကောက်ချထားနိုင်ခဲ့ပါတယ်။

 

Intimate Strangers ဇာတ်ကားမှာ နာမည်ကျော် တောင်ကိုရီးယားသရုပ်ဆောင်များဖြစ်တဲ့ Yoo Hae-jin, Cho Jin-woong, Lee Seo-jin, Yum Jung-ah, Kim Ji-soo, Song Ha-yoon, Yoon Kyung-ho တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၂၀၁၆ခုနှစ်က ထွက်ရှိလို့ထားခဲ့တဲ့ နာမည်ကျော် အီတလီဇာတ်ကား Perfect Strangers ကို ကိုရီးယား Version နဲ့ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ မဆုံဖြစ်တာ အရမ်းကို ကြာနေပြီဖြစ်တဲ့ သူငယ်ချင်းအုပ်စုတစ်စု စားသောက်ဆိုင်တစ်ခုမှာ ပြန်ဆုံကြရင်းနဲ့ သူတို့တွေကိုယ်စီရဲ့ ဖုန်းတွေထဲက လျှို့ဝှက်ထားတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်ရမယ့် ဂိမ်းတစ်ခုကို ကစားကြတဲ့အကြောင်း ရယ်မောပျော်ရွှင်စဖွယ် ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်ခင်ဗျာ။

 

Leave a Reply

Your email address will not be published. Required fields are marked *