Jaden Smith ပါဝင်သရုပ်ဆောင်ထားတဲ့ Skate Kitchen

Skate Kitchen ရုပ်ရှင်ကိုတော့ 2018 Sundance Film Festival မှာပွဲဦးထွက်အနေနဲ့ ပြသခဲ့ပြီး ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Rachelle Vinberg, Dede Lovelace, Nina Moran, Ajani Russell, and Kabrina Adams တို့ဘဲဖြစ်ပါတယ်။ ပြသမယ့် official release date ကတော့ ဒီနှစ် Summer မှာ ပြသသွားမှာပါ။
ဇာတ်လမ်းရဲ့ပုံစံလေးကတော့ ယနေ့ခေတ်လူငယ်တွေ ကြုံတွေ့နေရသော မိဘနဲ့သားသမီးကြားက ဖြစ်ပေါ်တက်တဲ့ ပြဿနာလေးတွေနဲ့ New York စကိတ်လောကမှာ ကြုံတွေ့ရတဲ့ ဖြစ်ရပ်မှန်အကြောင်းတွေကို အခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။
Vinberg ရဲ့ဇာတ်ကောင် Camille ဖြစ်ပြီး စကိတ်စီးခြင်းကို ရူးသွတ်သူ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ မိခင်က စကိတ်စီးခြင်းကို တားမြစ်တာကြောင့် ပြင်းပြင်းထန်ထန်ခုခံပြီး လူငယ်တွေရဲ့ ထုံးစံအတိုင်း အိမ်ကနေထွက်လာခဲ့ပြီးနောက် အမျိုးသမီးစကိတ်သမားတွေကို ခြိမ်းခြောက်တဲ့ ယောကျာ်းစကိတ်သမားတွေကို ခုခံရန် Moran ကစားသမားတစ်ဉီးရဲ့ ရဲရင့်ပြီးသတ္တိရှိတဲ့ member တွေကိုအဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ရန် ကြိုးစားခဲ့ကြပါတယ်။ Skate crew တွေရဲ့တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားသောကြောင့် လူငယ်ကြိုက်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ official release date အတိအကျကို စောင့်စားရင်း ရုံတင်မဲ့အချိန်ကို စောင့်မျှော်အားပေးဖို့ ပြောကြားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *