Guardians of the Galaxy Vol.3 က ၂၀၂၀ ထဲထွက်မယ်လို့ ဒါရိုက်တာ James Gunn ကပြောကြား

Guardians of the Galaxy ဟာ Marvel Cinematic Universe ရဲ့ Phase 4 မှာပါဝင်မယ့်ရုပ်ရှင်တစ်ကားဆိုတာ သေချာသလောက်ဖြစ်သွားပြီဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အရှေ့က Guardians of the Galaxy ဇာတ်ကား ၂ ကားလုံးကို ရေးသားရိုက်ကူးခဲ့သူ James Gunn က Twitter ကနေတစ်ဆင့် လူတစ်ယောက်က မေးမြန်းခဲ့တဲ့ “Guardians of the Galaxy ရဲ့တတိယကားထွက်ရှိမှာလား” ဆိုတဲ့မေးခွန်းကို “၂၀၂၀ ကျရင်လာမယ်” ဆိုပြီးပြန်လည်ဖြေကြားခဲ့တဲ့အတွက်ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Marvel က ၂၀၂၀ အတွင်းမှာ ရုပ်ရှင် ၃ ကားထွက်ရှိမယ်လို့ကြေညာထားပြီး အဲဒီရုပ်ရှင်တွေထွက်ရှိမယ့်ရက်တွေကိုပါကြေညာထားပါတယ်။ အဲဒါတွေကတော့ မေလ ၁ ရက်၊ သြဂုတ် ၇ ရက်နဲ့ နိုဝင်ဘာ ၆ ရက်တို့ဖြစ်ပါတယ်။ Guardians of the Galaxy ပထမကားကို ၂၀၁၄ သြဂုတ် ၁ ရက်နေ့မှာ စတင်ပြသခဲ့ပြီး ဒုတိယကားကို ၂၀၁၇ မေ ၅ ရက်နေ့မှာစတင်ပြသခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ ၂၀၂၀ မေလနဲ့သြဂုတ်လကရက်တွေက ဒီ Guardians of the Galaxy Vol.3 စတင်ပြသဖို့ အလားအလာရှိတဲ့ရက်တွေဖြစ်ကြပါတယ်။

Ref: Collider

Leave a Reply

Your email address will not be published. Required fields are marked *