Transporter မင်းသားကြီး Jason Statham ဦးဆောင်ပါဝင်ထားတဲ့ ‘The Meg’ ရဲ့ First Trailer

the-meg

ငါးမန်းထက်ကြောက်ဖို့ကောင်းတဲ့အကောင်ကို သိပါသလား… အဖြေမှန်ကတော့ ဧရာမ ငါးမန်းပါ။ သာမန်အရွယ်ငါးမန်းတောင်မှ ဆူးတောင်မြင်တာနဲ့ အသည်းတွေယားနေရတာ သင်္ဘောတစ်စီးစာလောက်ကြီးတဲ့ ငါးမန်းဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။

 

ကဲကဲ.. Topic ဖက်ပြန်သွားရအောင်။ တစ်ချိန်ကခေတ်စားခဲ့တဲ့ ငါးမန်းကားတွေ အရှိန်သေသွားတာ တော်တော်ကြာပါပြီ။ ကြိုကြားကြိုကြား တစ်ကားတစ်လေတွေ့ရပေမယ့် ကောင်းတဲ့ကားက လက်တစ်ဆုပ်စာလောက်ပဲရှိပါတယ်။ ကျန်တာတွေက B Movie ကားတွေဖြစ်ပြီးတော့ အဲဒီ B Movie ဇာတ်ကားတွေကြည့်ရတာ ဘယ်လိုမှ အာသာမပြေပါဘူး။ အခုတော့ တကယ့်ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေနဲ့ ဘတ်ဂျတ်ကို ရေလိုသုံးထားတဲ့ Blockbuster ငါးမန်းကားတစ်ကားလာပါပြီ။


The Meg‘ လို့ပဲ ရိုးရိုးရှင်းရှင်း အမည်ပေးထားတဲ့ ဒီဇာတ်ကားဟာ ၁၉၉၇ ခုနှစ်က ဝတ္ထုတစ်အုပ်ဖြစ်တဲ့ Steve Alten ရဲ့ Meg: A Novel of Deep Terror ကိုမှီငြမ်းထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်လိုက်ကတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက မျိုးတုံးသွားပြီလို့ ယူဆထားခဲ့ကြတဲ့ ဧရာမ Megalodon ငါးမန်းကြီးပါ။ တစ်ရက်မှာတော့ သုတေသနအဖွဲ့တစ်ဖွဲ့က ရေအောက်ဆင်းပြီးလေ့လာနေတုန်း အဲ့ကောင်ကြီးနဲ့ တည့်တည့်တိုးပါတော့တယ်။ အဲဒီနောက်မှာတော့ ထုံးစံအတိုင်း အဲကောင်ကြီးကို နှိမ်နင်းဖို့ကြိုးစားကြမှာဖြစ်ပါတယ်။ ဇာတ်လမ်းပိုင်းကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။

 

ဒါပေမယ့် Cast တွေကတော့ ကြမ်းပါတယ်။ Transporter နဲ့ Fast & Furious ဇာတ်ကားတွေထဲက မင်းသားကြီး Jason Statham နဲ့ တရုတ်စူပါမင်းသမီး Li Bingbing တို့က ဦးဆောင်ပါဝင်ထားကြပါတယ်။ ပြီးတော့ ဘတ်ဂျက် ဒေါ်လာ သန်း ၁၅၀ သုံးပြီးရိုက်ကူးထားတာဆိုတော့ Production Quality ပိုင်းက ရှယ်ကောင်းမယ်လို့ မျှော်လင့်လို့ရပါတယ်။ The Meg ကို လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *