တပ်မတော်ဂီတပြဇာတ်မှာ ပါဝင်ရတဲ့အကြောင်းကို ဖွင့်ဟလိုက်တဲ့ Ji Chang Wook

 

လတ်တလောမှာ ပရိသတ်အရှေ့က ကွယ်ပျောက်နေပြီး တိုင်းပြည်အတွက် စစ်မှုထမ်းနေရတဲ့ လူကြိုက်အရမ်းများတဲ့ တောင်ကိုရီးယားမင်းသားချော Ji Chang Wook က တပ်မတော်ဂီတပြဇာတ်တစ်ခုဖြစ်တဲ့ Shinheung Military Academy မှာ ပါဝင်ကပြခွင့်ရတာနဲ့ပတ်သက်ပြီး သူရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။


Shinheung Military Academy ဂီတပြဇာတ်ကတော့ ဂျပန်တွေ ကိုရီးယားနိုင်ငံကို နယ်ချဲ့စဉ်ကာလတုန်းက ကိုရီးယားနိုင်ငံသားတွေ လွတ်လပ်ရေးရရှိအောင် ရှေ့တန်းကနေ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ Shinheung စစ်ပညာသင်တန်းကျောင်းအကြောင်းကို ပုံဖော်ထားတာဖြစ်ပါတယ်။ နိုင်ငံသားတွေ လွတ်လပ်ရေးရရှိဖို့အတွက် ကိုယ်ရဲ့ အသက်ကို ပဓာဏမထားပဲ ရှေ့တန်းကနေ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ လူငယ်စစ်သားလေးတွေအကြောင်းကို မီးမောင်းထိုးပြထားတဲ့ ဂီတပြဇာတ်တစ်ခုဖြစ်ပါတယ်။ အဆိုပါပြဇာတ်အတွက် စစ်သားတွေထဲကမှ သရုပ်ဆောင်ပိုင်း ၊ အဆိုပိုင်းနဲ့ အကပိုင်းတွေမှာ အရမ်းတော်ကြသူ ၃၇ဦးကို ရွေးချယ်ထားတာဖြစ်ပြီး စစ်မှုထမ်းနေရတဲ့ နာမည်ကျော် အနုပညာရှင်များဖြစ်ကြတဲ့ Ji Chang Wook , Kang Ha Neul နဲ့ INFINITE အဖွဲ့သား Sunggyu တို့လည်း ပါဝင်ကြပါတယ်။ မင်းသားချော Ji Chang Wook ကတော့ Shinheung Military Academy ဂီတပြဇာတ်ထဲမှာ Shinheung သင်တန်းကျောင်းရဲ့ အတော်ဆုံးတပ်သားတစ်ဦးအဖြစ် ပါဝင်ကပြသွားမှာဖြစ်ပါတယ်။ ဒီလို ပါဝင်ခွင့်ရတာနဲ့ပတ်သက်ပြီး Ji Chang Wook က “ဒီလို တပ်မတော်ကပြုလုပ်တဲ့ ဂီတပြဇာတ်မှာ စစ်သားတစ်ယောက်အနေနဲ့ ပါဝင်ဖို့ အခွင့်အရေးရခဲ့တာ အရမ်းဝမ်းသာမိပါတယ်။ ဒါက ကျွန်တော့်အတွက် တန်ဖိုးရှိတဲ့ Project တစ်ခုပါ။ အဲ့ဒါကြောင့် အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ကျွန်တော်ရဲ့ စီနီယာတွေ ၊ သူငယ်ချင်းတွေ ၊ တပ်သားတွေ အကုန်လုံးနဲ့အတူ အကောင်းဆုံးကြိုးစားထားပါတယ်။ ပွဲကြည့်သူတွေကို အပြုံးတွေရော မျက်ရည်တွေပါ ထွက်လာအောင် ဖျော်ဖြေသွားပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

 

Source >>> Soompi

Leave a Reply

Your email address will not be published. Required fields are marked *