Han Solo ရုပ်ရှင်ရဲ့ Theme ကို John Williams ကဖန်တီးရေးစပ်ပေးမည်

Star Wars ပရိသတ်ကြီးရေ.. ပူပူနွေးနွေးသိလာရတဲ့သတင်းလေးတစ်ခု share ချင်ပါတယ်။ အဲဒါကတော့ Rogue One ကလွဲပြီး Star Wars ရုပ်ရှင်အားလုံးရဲ့ နောက်ခံတီးလုံးတွေကို ဖန်တီးပေးခဲ့တဲ့ John Williams က ဒီနှစ်ထဲရုံတင်မယ့် Han Solo ရုပ်ရှင် ‘Solo: A Star Wars Story’ မှာ ပြန်လည်ပါဝင်လာဦးမယ်ဆိုတာပါပဲ။ အဲဒီအကြောင်းကို Jon Williams က Variety နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

John Williams က Han Solo ရုပ်ရှင်အတွက် theme ကိုရေးစပ်ပေးမှာဖြစ်ပြီး အသုံးပြုမယ့် score တွေကိုတော့ အရင်ကကြေညာထားခဲ့တဲ့ John Powell ကရေးစပ်ပေးသွားမှာဖြစ်ပါတယ်။ John Williams က သူရေးစပ်ထားတဲ့ Theme ကို Powell နဲ့ ဒါရိုက်တာ Ron Howard လက်ထဲကိုအပ်လိုက်မှာဖြစ်ပြီး သူတို့နှစ်သက်တယ်ဆိုရင် အဲဒီ theme ပေါ်အခြေခံပြီး Han Solo ရုပ်ရှင်အတွက် score တွေကို Powell ကဖန်တီးမှာဖြစ်ပါတယ်။

အခုလို John Williams ပါဝင်လာမယ်ဆိုတဲ့သတင်းကြားပြီးနောက်မှာတော့ Han Solo ရုပ်ရှင်အတွက်စိတ်နည်းနည်းအေးသွားပါတယ်။ John Williams မပါဝင်ခဲ့တဲ့ Rogue One မှာတုန်းက soundtrack တွေကဘယ်လိုဖြစ်ကုန်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့အချစ်တော် composer ကြီးပါဝင်လာဦးမှာဖြစ်တဲ့အတွက် Han Solo ရုပ်ရှင်ကို အရင်ကထက်ပိုပြီးမျှော်လင့်မိသွားတာတော့အမှန်ပါပဲ။ ‘Solo: A Star Wars Story’ ကို ၂၀၁၈ မေလ ၂၅ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *