မကြာခင်ကြည့်ခွင့်ရတော့မယ့် Johnny English: Strike Again

မြန်မာလူမျိုးတွေလည်းချစ်ကြတဲ့ Mr Bean ကြီးတစ်ယောက် ပရိသတ်ရှေ့ကပျောက်နေခဲ့တာ ငါးနှစ်လောက်ရှိပြီထင်ပါတယ်။ Mr Bean လို့အများသိကြတဲ့ Rowan Atkinson တစ်ယောက် သူ့ရဲ့နာမည်ကျော် Mr.Bean ဇာတ်လမ်းတွေရော၊ Johnny English ဇာတ်လမ်းတွေရောထွက်မလာတာ အတော်ကြာခဲ့ပါပြီ။

အခုတော့ သူ့ရဲ့Johnny English ဇာတ်လမ်းအသစ်နဲ့ ပရိသတ်ရှေ့မှောက်ပြန်ရောက်လာတော့မှာပါ။  သူ့ကိုယ်တိုင် ရိုက်ကူးထုတ်လုပ်ထားပြီး Johnny English: Strike Again လို့ နာမည်ပေးထားတဲ့ရုပ်ရှင်ကားရဲ့ နမူနာကို အရင်လကတည်းက ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ကို လာမယ့် အောက်တိုဘာလ ၁၂ရက်နေ့မှာ နိုင်ငံတကာကရုံရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာပါ။ မြန်မာပရိသတ်တွေအတွက်ဝမ်းသာစရာက ဒီဇာတ်ကားကို မြန်မာပြည်မှာလည်း ရုံတင်ပေးသွားမှာဖြစ်ပါတယ်။ ကိုယ်ကြည့်ချင်တဲ့ကားတွေ မြန်မာပြည်မှာရုံမတင်ရင်ကြေကွဲရတဲ့ ခံစားချက်ကိုရုပ်ရှင်ချစ်သူတွေသာ နားလည်ပါတယ်လေ။ အခု ဒီကားကိုရုံတင်မယ်ဆိုတော့ ပျော်ပြီလေ။

အခုလာမယ့် Johnny English: Strike Again မှာတော့ လွဲလွဲလေးပဲကောင်းပါတယ်ဆိုတဲ့ စုံထောက်ရှော်ကြီး Johnny English ကို မပေးမဖြစ်လို့ တာဝန်ပေးအပ်လိုက်ရကာ ထုံးစံအတိုင်း ကမောက်ကမအလွဲတွေနဲ့ ပရိသတ်ကိုပျော်တော်ဆက်ဦးမှာ ဖြစ်ပါတယ်။ Johnny English နဲ့အတူ မိန်းမလှလေးသုံးယောက်လည်း ပါဝင်ဦးမှာမို့ မချောသုံးယောက် ကိုယ်တစ်ယောက်ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ အလွဲကောင်းတဲ့ စုံထောက်ရှော်ကြီး Johnny English တစ်ယောက်အဆုံးသတ်မှာ ဘယ်လိုပြန်တည့်သွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ကြစို့နော်။

Leave a Reply

Your email address will not be published. Required fields are marked *