အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာကို ‘Johnny English Strikes Again’ Trailer ထဲမှာပြလိုက်တဲ့ Mr. Bean

Johnny English Stikes Again

Mr. Bean (aka) Rowan Atkinson တစ်ယောက် ကျွန်တော်တို့ရဲ့မြင်ကွင်းကနေပျောက်နေတာ တော်တော်ကိုကြာပါပြီ။ မှတ်မှတ်ရရပြောရမယ်ဆိုရင် ၂၀၁၁ တုန်းကထွက်ခဲ့တဲ့ ‘Johnny English Reborn‘ မှာ နောက်ဆုံးမြင်ခဲ့မိတာပါပဲ။ အခုတော့ သူ့ကိုချစ်တဲ့ပရိသတ်တွေကို တစ်နေ့ကထွက်တဲ့ ‘Johnny English Strikes Again‘ ရဲ့ Trailer မှာ လူလုံးထွက်ပြခဲ့ပြီး အသက်ကြီးပေမယ့် မပျက်စီးသေးကြောင်း ပြသွားခဲ့ပါတယ်။

ဒီဇာတ်ကားဟာ Rowan Atkinson ဦးဆောင်ပါဝင်တဲ့ British Spy ရုပ်ရှင်ဇာတ်ကားတွဲ Johnny English ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Johnny English တစ်ယောက်က Spy အလုပ်ကနေအနားယူပြီး ကျောင်းတစ်ခုမှာ စာဝင်သင်နေပါတယ်။ တစ်ရက်မှာတော့ Hacker တွေလက်ချက်နဲ့ ဗြိတိန်တစ်နိုင်ငံလုံးက Agent တွေရဲ့ Identiy တွေက ပေါက်ကြားသွားတော့ Secret Service အနေနဲ့ ပြဿနာတွေ အကြီးအကျယ်တက်ကုန်ပါတော့တယ်။ ဒီတော့ Identity မပေါက်ကြားသေးတဲ့ Johnny English ဟာ Secret Service တစ်ခုလုံးရဲ့ အားကိုးရာဖြစ်လာပါတော့တယ်။ ခက်တာက Johnny English ဟာ Generation အဟောင်းက Agent တစ်ယောက်ဖြစ်တဲ့အလျှောက် ခေတ်သစ်နည်းပညာတွေနဲ့အကျွမ်းတဝင်မရှိပါဘူး။ အဲဒီမှာ ဒုက္ခနဲ့လှလှတွေ့ပြီး တလွဲတွေစပါတော့တယ်။ ဘယ်လိုတွေလွဲသလဲဆိုတာကတော့ အောက်မှာပြထားတဲ့ Trailer မှာသာကြည့်ပြီး ခွီလိုက်ကြပါတော့။ 😆

 

ပွင့်ပွင့်လင်းလင်းပြောရရင် Mr. Bean ဇာတ်ကားကိုကြည့်တာက Mr. Bean ကိုကြည့်ချင်လို့ပါ။ ငယ်ငယ်ကတည်းက Rowan Atkinson ရဲ့ Mr. Bean ဇာတ်ရုပ်ကိုကြည့်ပြီး ကြီးပြင်းလာခဲ့တာဆိုတော့ သူ့အပေါ်မှာ ဖော်ပြလို့မရတဲ့ သံယောဇဉ်ရှိတာတော့ အမှန်ပါပဲ။ အခုဒီဇာတ်ကားဟာ slapstick ဟာသတွေ လှိုင်လှိုင်သုံးထားမယ်လို့ခန့်မှန်းလို့ရပေမယ့် Rowan Atkinson ရဲ့ သရုပ်ဆောင်ကွက်တွေကိုကြည့်ချင်လို့ကို ကြည့်ဖြစ်ဦးမယ့်ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *