Jude Law သရုပ်ဆောင်ထားတဲ့ လူငယ် Dumbledore ကို ‘Fantastic Beasts: The Crimes of Grindelwald’ ရဲ့ ပုံတွေမှာကြည့်နိုင်ပြီ

Dumbledore ကို ခန့်ခန့်ညားညားအဖိုးကြီးတစ်ယောက်အဖြစ်ပဲမြင်ဖူးကြသူတွေအတွက် အခုတော့ စတိုင်ကျကျနဲ့ အလန်းစား Dumbledore လာပါပြီ။ ‘Fantastic Beasts: The Crime of Grindelwald’ ရုပ်ရှင်အတွက် Jude Law က သရုပ်ဆောင်ထားတဲ့ Albus Dumbledore ကတော့ ဒီရက်ပိုင်းရဲ့ခေါင်းစီးသတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ပြောသလောက်ဟုတ်မဟုတ်ကတော့ အောက်မှာပြထားတဲ့ပုံကိုကြည့်ပြီး ကိုယ်တိုင်ဆုံးဖြတ်ကြည့်နိုင်ပါတယ်။

(Photo: Jaap Buitendijk/Warner Bros.)

ဒီဇာတ်ကားဟာ ‘Fantastic Beasts and Where to Find Them’ ရဲ့အဆက်ဖြစ်ပါတယ်။ ပထမဇာတ်ကားအဆုံးမှာအဖမ်းခံလိုက်ရတဲ့ လူဆိုးကြီး Gellert Grindelwald (Johnny Deep) ဟာ ဒီဇာတ်ကားမှာ ပြန်လည်လွတ်မြောက်သွားပြီး သူ့ရဲ့အကြံအစည်တွေကိုအကောင်အထည်ဖော်ဖို့အတွက် လူတွေလိုက်လံစုဆောင်းနေပါတယ်။ Grindelwald ကိုတားဆီးဖို့အတွက် Albus Dumbledore (Jude Law) က သူ့တပည့်ဟောင်းတစ်ဦးဖြစ်တဲ့ Newt Scamander (Eddie Redmayne) ကိုအကူအညီတောင်းလိုက်ပါတယ်။

Johnny Deep ရဲ့ Gellert Grindelwald ကို အောက်ကပုံမှာကြည့်လို့ရပါတယ်။ သူ့ဘေးမှာတွေ့ရတာကတော့ Grindelwald ရဲ့လက်ရုံး Vinda Rosier (Poppy Corby-Tuech) ပဲဖြစ်ပါတယ်။

(Photo: Jaap Buitendijk/Warner Bros.)

ကိုယ်တွေရဲ့ဇာတ်လိုက်ကျော် Newt Scamander ကလည်းအားကျမခံလန်းနေတာကိုတွေ့ရဦးမှာပါ။

(Photo: Jaap Buitendijk/Warner Bros.)

ပုံတွေကြည့်ပြီး စိတ်ဝင်စားသွားသူတွေကတော့ ဒီဇာတ်ကားရုံတင်မယ့် ၂၀၁၈ နိုဝင်ဘာ ၁၆ ရက်နေ့ကို လက်ချိုးရေတွက်နေလိုက်ပါလို့..

Leave a Reply

Your email address will not be published. Required fields are marked *