ဂိမ်းစက်ထဲမှ လွတ်မြောက်ဖို့ရန် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ရတဲ့ Jumanji: Welcome to the Jungle

လူငယ်ကြိုက် ဇာတ်လမ်းတခုဖြစ်တဲ့ Jumanji: Welcome to the Jungle ကို မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ သူငယ်ချင်း ၄ယောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲတွေကို ဖြေရှင်းကြတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ trailer ထဲမှာတော့ Brantford High School မှ သူငယ်ချင်း ၄ယောက်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀လောက်က ဖန်တီးခဲ့တဲ့ ရှေ့ဟောင်းဂိမ်းစက်တစ်ခုကိုရရှိပြီး ဂိမ်းကစားလိုက်ချိန်မှာ တောထဲကိုရောက်သွားကြပါတယ်။ အဲ့အချိန်မှာ သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ အရင်လိုမဟုတ်တော့ဘဲ ကြီးထွားသွားကြတယ် ပြောင်းလဲသွားကြတယ်။ သူတို့ကိုယ်တိုင်လည်း အရမ်းကို အံ့သြနေကြပါတယ်။ သူတို့ရောက်ရှိနေတဲ့ တောထဲကနေ ပြန်ထွက်နိုင်တဲ့ နည်းလမ်းကလည်း စက်ထဲမှာပါဝင်တဲ့ “Jumanji” ဂိမ်းအဆင့်ဆင့်ကို ကိုယ်တိုင်ယှဉ်ပြိုင်ပြီးမှ ဂိမ်းထဲကနေ ပြန်ထွက်လို့ရနိုင်မှာပါ။

ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကတော့ အားလုံးကြိုက်နှစ်သက်တဲ့ action မင်းသားလည်းဖြစ် professional smart down ကစားသမားလည်းဖြစ်တဲ့  Dwayne Johnson ကိုတော့ သိပြီးသားဖြစ်မှာပါနော်။ Jack Black ဆိုတာကလည်း Golden Globe Awards ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ Kevin Hart ကတော့ What Now? လိုဇာတ်ကားမျိုးတွေနဲ့ လူသိများကျော်ကြားလာတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ Karen Gillan ဆိုရင်လည်း Guardians of the Galaxy မှာ တစ်ကမ္ဘာလုံးလူသိများလာတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ စိတ်ကူးယဉ်ဆန်ဆန်ပုံဖော်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဇာတ်လမ်းကောင်းကို သရုပ်ဆောင်ကောင်းတွေနဲ့ ဖန်တီးထားတော့ ဇာတ်ရှိန်မြင့်ပြီး ဇာတ်လမ်းထဲမှာ မျောသွားမှာသေချာတယ်နော်။

Image Source : https://www.facebook.com/JumanjiMovie/

Leave a Reply

Your email address will not be published. Required fields are marked *