မျှော်လင့်တာထက်ဝင်ငွေကောင်းခဲ့တဲ့ Jurassic World: The Fallen Kingdom

2015 မှာ ရုံတင်ခဲ့တဲ့ Jurassic World ရဲ့အဆက်အဖြစ် ထပ်မံရိုက်ကူးခဲ့တဲ့ Jurassic World: The Fallen Kingdom ရုပ်ရှင်ဟာ ရက်တွေမှာတင်ပဲ စံချိန်တင်ဝင်ငွေတွေရရှိသွားပြီး အောင်ပွဲခံခဲ့ပြန်ပါပြီ။ သူဟာ တာထွက်ကောင်းတဲ့ ငါးခုမြောက်ရုက်ရှင်အဖြစ် Avengers: Infinity War, Monster Hunt 2, The Dead Pool 2 တို့ရဲ့နောက်မှာရှိနေပါတယ်။

ဒီဇာတ်လမ်းရုံတင်ရင် ဒေါ်လာသန်းပေါင်း ၁၄၅.၉သန်းရရှိမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် တကယ်တန်းမှာတော့ ဒေါ်လာသန်းပေါင်း ၁၅၁.၁ သန်းတောင်ရရှိခဲ့တာဖြစ်ပါတယ်။ မကြာခင်ကပဲ ရုံတင်ခဲ့တဲ့ Solo: A Star War Story ကတော့ ဒေါ်လာသန်းပေါင်း ၁၃၆.၁ သန်းပဲရရှိခဲ့တာပါ။ Jurassic World: The Fallen Kingdom လက်ရှိရထားတဲ့ဝင်ငွေဟာ နိုင်ငံပေါင်း လေးဆယ့်ရှစ်နိုင်ငံကဝင်ငွေတွေဖြစ်ပါတယ်။ ဇွန်လ နှစ်ဆယ်ရက်ကျော်မှ ရုံတင်မယ့် နိုင်ငံတွေပါ ထည့်ပေါင်းလိုက်ရင် ဝင်ငွေတွေက ထပ်တိုးလာဦးမှာပါ။ ဒီမှာလည်း ရုံတင်နေပြီဆိုတော့ ကိုယ်တွေမြန်မာပြည်ကဝင်ငွေကို ထည့်မတွက်ကြပေမယ့် သူများတွေထက်စောစောကြည့်ရတာ ကံကောင်းတာပေါ့နော်။

Jurassic World: The Fallen Kingdomn ဟာ တကယ်ကောင်းပြီး ရင်တမမနဲ့ ကြည့်ရတဲ့ရုပ်ရှင်ပါ။ လှည့်ကွက်တွေလည်း ထည့်ပေးထားတာမို့ ဒီလိုဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေ သဘောကျမှာပါ။ အက်ဒ်မင်လဲ သွားကြည့်ပြီးပြီမို့ မကြည့်ရသေးသူတွေအတွက် တကယ်ကောင်းလို့လက်တို့လိုက်ပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *