အော်စကာပါတီပွဲမှာ ပရိသတ်တွေ မျက်စိမခွာနိုင်လောက်အောင် ဖြစ်ခဲ့ရတဲ့ Kendall Jenner

ကမ္ဘာကျော် Brand တွေအတွက်အမြဲကြေငြာပေးနေရတဲ့သူ ပြီးတော့ နာမည်ကြီးစူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အပြင် Victoria Secret ရဲ့ ပင်တိုင်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့  Kendall Jenner ကတော့ အော်စကာပါတီပွဲမှာ ထူးထူးခြားခြားတစ်ခုကို လုပ်ခဲ့ပါတယ်။ အဲ့ဒီကိစ္စကြောင့်လည်း ပရိသတ်တွေက သူ့ဆီကနေကို မျက်စိမခွာနိုင်အောင်ဖြစ်ခဲ့ရပါတယ်။

 

အဲ့ဒါကတော့ တခြားမဟုတ်ပါဘူး။ Kendall Jenner ရဲ့ အဝတ်အစားဖက်ရှင်ကြောင့်ပဲ ဖြစ်ပါတယ်။ Kendall ဟာ အော်စကာပါတီပွဲဖြစ်တဲ့ Vanity Fair ကို nearly naked ဖက်ရှင်နဲ့ ပွဲတက်လာခဲ့တာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

last night at @vanityfair

A post shared by Kendall (@kendalljenner) on


Kendall ဟာ အမဲရောင် ဂါဝန်ကို ဝတ်ဆင်လာခဲ့တာဖြစ်ပေမယ့်လည်း ဂါဝန်ဟာ ဂါဝန်နဲ့ တူမနေခဲ့ပါဘူး။ swimsuit လိုပုံစံကို အရှေ့နဲ့အနောက်မှာ အစရှည်လေး ချထားတဲ့ပုံစံမျိုးပါ။၂၀၁၇ ခုနှစ်က Met gala ပွဲမှာလို See through ဖက်ရှင်မဟုတ်ပေမယ့် ဒီတခေါက်ဟာက ပိုပြီးတော့ကို spechless ဖြစ်စေပါတယ်။ သေချာပေါက် Kendall ရဲ့ ကိုယ်လုံးအလှကို ပေါ်လွင်စေတဲ့ ဂါဝန်ဆိုတာကတော့ သေချာပါတယ်။

 

 

ဒီလိုမျိုးဝတ်စားလာမှုအပေါ်ကို ပရိသတ်တချို့က ဝေဖန်ကြပေမဲ့ သူ့ရဲ့ အဖေဖြစ်တဲ့ ( အဖေလို့ပဲ ပြောလိုက်ပါ့မယ် ) Caitlyn Jenner ကြီးကတော့ အရမ်းကို ဂုဏ်ယူနေခဲ့ပါတယ်။ Caitlyn က ” Kendall ရဲ့ ကင်မရာရှေ့က ဘဝရော၊ ကင်မရာနောက်ကွယ်က ဘဝရောကိုရော သိပါတယ်။ ဒါကြောင့်လည်း သူက အရမ်းကို ထက်မြက်တဲ့ကလေးတစ်ယောက်ဆိုတာကို ပြောနိုင်ပါတယ်။ သူဘာပဲလုပ်လုပ် အရမ်းကို ကောင်းပြီး တောက်ပနေပါတယ် ” ဆိုပြီး အင်တာဗျူးတစ်ခုမှာလည်း ပြောသွားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *