Netflix ရဲ့ ဇာတ်လမ်းတွဲ အသစ်မှာ ပါဝင်လာတော့မယ့် Kim So Hyun

Netflix ကတော့ ဒီနောက်ပိုင်းမှာ ရုပ်ရှင်တွေ ရုပ်သံဇာတ်လမ်းတွေ ထွက်ရှိတာ အရမ်းကို များပြားနေပြီးတော့ အမေရိကန်ဇာတ်ကားများကိုသာမကပဲ အာရှဇာတ်ကားတွေ ဇာတ်လမ်းတွဲကိုပါ ရိုက်ကူးထုတ်လွှင့်လာပါတယ်။ အာရှဒေသအတွင်းက ရုပ်သံဇာတ်လမ်းတွဲလောကမှာဆိုရင် ကိုရီးယားစီးရီးတွေက ထိပ်ဆုံးနေရာကနေ ရပ်တည်နေတာမို့ Netflix ကနေလည်း ကိုရီးယားဇာတ်လမ်းတွဲတွေကို ထုတ်လုပ်လာခဲ့တဲ့အပြင် နာမည်ကြီးပြီးသား ဇာတ်လမ်းတွဲတွေကိုလည်း ပြန်လည်ဝယ်ယူပြသနေလျက်ရှိပါတယ်။

 

အခုလည်း Love Alarm ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးပြသသွားဖို့ စီစဉ်နေပြီး မင်းသမီးချောလေး Kim So Hyun က ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

 

Radio Romance ဇာတ်လမ်းတွဲရဲ့ ဆယ်ကျော်သက်အရွယ် မင်းသမီးချောလေး Kim So Hyun အနေနဲ့ Netflix ကနေ ရိုက်ကူးပြသသွားတော့မယ့် Love Alarm ဇာတ်လမ်းတွဲထဲမှာ ခေါင်းဆောင်ဇာတ်ရုပ်နေရာ ပါဝင်သွားတော့မှာကို Kim So Hyun ရဲ့ အေဂျင်စီ E&T Story ကနေ အောက်တိုဘာလ ၁၈ရက်နေ့မှာ သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

 

Love Alarm ဇာတ်လမ်းတွဲကတော့ ဒီနာမည်နဲ့ပဲ ထွက်ရှိထားခဲ့တဲ့ နာမည်ကျော် Webtoon တစ်ခုကို အခြေခံရိုက်ကူးသွားမှာဖြစ်ပြီး နည်းပညာမြင့်မားနေတဲ့ ခေတ်ကြီးထဲမှာ အချစ်ကိစ္စတွေထဲမှာပါ နည်းပညာပိုင်းတွေ ပါဝင်ပတ်သတ်လာပုံအကြောင်းကို ပုံဖော်သွားမယ့် ဆန်းဆန်းပြားပြား အချစ်ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်။

 

Love Alarm ဆိုတဲ့ နည်းပညာမြင့် Apps လေးတစ်ခု အရမ်းခေတ်စားလာပြီးနောက်မှာ ဒီ Apps ကို အသုံးပြုပြီး လူတွေက သူတို့အနားမာရှိတဲ့ သူတွေဆီကနေ ကိုယ့်အပေါ်ထားတဲ့ စိတ်နေစိတ်ထားတွေကို မြင်တွေ့ရတတ်ပေမယ့် လူတွေရဲ့ တကယ့်ခံစားချက် အစစ်အမှန်ကို နည်းပညာမသုံးပဲ သဘာဝအတိုင်း ရှာဖွေကြပုံအကြောင်းကို တင်ဆက်သွားမယ့် ဇာတ်လမ်းမျိုးပါ။

 

Kim So Hyun ကတော့ ဒီဇာတ်လမ်းတွဲမှာ ပူပင်ကြောင့်ကြမဲ့ပြီး ထက်ထက်မြက်မြက် နေတတ်သူ Kim Jo Jo အဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Love Alarm ဇာတ်လမ်းတွဲကိုတော့ Netflix ကနေ လာမယ့် ၂၀၁၉ ခုနှစ်မှာ ပြသပေးသွားမယ်လို့ သိရပါတယ်ခင်ဗျာ။

Source – Soompi

Leave a Reply

Your email address will not be published. Required fields are marked *