Korea ပရိတ်သတ်တွေက`White Day´ မှာ ကိုယ်နဲ့အတူ ရှိစေချင်တဲ့ အနုပညာရှင်တွေကို Vote ပေးခဲ့ကြ

`White Day´ ဆိုတဲ့ နေ့လေးကတော့တောင်ကိုရီးယားနိုင်ငံမှာ အရမ်းကို Romance ဆန်စွာနဲ့ကုန်ဆုံးကြတဲ့နေ့ရက်လေးတစ်ရက်ပဲဖြစ်ပါတယ်။ မတ်လ၁၄ရက်နေ့မှာကျရောက်တဲ့ `White Day´ နေ့လေးကတော့ အားလုံးသိကြတဲ့ Valentines နဲ့ ဆန့်ကျင်ဖက်လို့ပြောလို့လဲရပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် Valentines မှာ အမျိုးသားတွေက ကိုယ်သဘောကျနှစ်သက်တဲ့အမျိုးသမီးတွေကို ချောကလက်နဲ့လက်ဆောင်တွေပေးကြသလိုပဲ White day မှာတော့ အမျိုးသမီးတွေက ကိုယ်သဘောကျတဲ့အမျိုးသားတွေကို ချောကလက်နဲ့ လက်ဆောင်တွေပြန်ပေးတဲ့နေ့လို့လဲ ယူဆလို့ရပါတယ်။(တခါတလေမှာတော့ ခင်မင်ရင်းနှီးလို့ပဲဖြစ်ဖြစ်၊ လေးစားအားကျရတဲ့သူတွေကိုပဲဖြစ်ဖြစ်ပေးလေ့ရှိကြပါတယ်။) ဒီအလေ့အထကိုအများဆုံးကျင့်သုံးကြတာကတော့ ဂျပန်၊ တောင်ကိုးရီးယား၊ တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ ဗီယက်နမ်စတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံမှာတော့ တော်တော်ကို ခေတ်စားနေတဲ့ အစဉ်အလာတစ်ခုအနေနဲ့ကိုကျင်းပတဲ့နေ့ရက်လေးတစ်ရက်ပဲဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ပရိတ်သတ်တွေက လာမယ့် ၁၄ရက် မတ်လမှာကျရောက်မယ့် `White Day´ နေ့လေးမှာ ကိုယ်နဲ့အတူရှိစေချင်တဲ့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေကို Vote ပေးရွေးချယ်ခဲ့ကြတယ်လို့သိရပါတယ်။ အသက်၂၀မှ ၄၀ကြားရှိတဲ့ အမျိုးသားအမျိုးသမီး အယောက်၂၀၀၀ကို Vote ပေးရွေးချယ်ခိုင်းရာမှာတော့ Gong Yoo နဲ့ Suzy တို့နှစ်ဦးက Voting အများဆုံးကိုရရှိခဲ့ပါတယ်။ အမျိုးသားအနုပညာရှင်တွေထဲမှာ Gong Yoo က ၁၅.၂ရာခိုင်နှုန်းနဲ့ပထမနေရာ၊ Park Bo Gum က ၁၅.၁ရာခိုင်နှုန်း နဲ့ဒုတိယနေရာ၊ Song Joong Ki ကတော့ ၃.၇ရာခိုင်နှုန်း နဲ့တတိယနေရာကို ရရှိခဲ့ကြပါတယ်။

အသက်ရွယ်အလိုက်ပြန်လည်ပြီးရွေးချယ်ရာမှာတော့ အသက်၄၀အရွယ်အမျိုးသမီးပရိတ်သတ်ကြီးရဲ့ `White Day´ ကိုအတူဖြတ်သန်းချင်တဲ့အနုပညာရှင်ကတော့ ၁၇.၉ ရာခိုင်နှုန်း ရရှိတဲ့ Gong Yoo ပဲဖြစ်ပါတယ်။ အသက်၂၀အရွယ်အမျိုးသမီးပရိတ်သတ်ကြီးရဲ့ရွေးချယ်မှုကတော့ ၁၇.၂ရာခိုင်နှုန်း ရရှိခဲ့တဲ့ Park Bo Gum ပဲဖြစ်ပါသတဲ့ရှင်။

#HOLIDAY 💓💋

A post shared by 숮이 💄💅👡👠🎀👙🌂👗🌂🎀💋💌 (@skuukzky) on

အမျိုးသမီးအနုပညာရှင်တွေထဲမှာတော့ Suzy က ၁၀.၅ ရာခိုင်နှုန်း နဲ့ပထမနေရာ၊ AOA အဖွဲ့ဝင် Seolhyun က၇.၉ ရာခိုင်နှုန်း နဲ့ဒုတိယနေရာ၊ IUကတော့ ၅.၅ရာခိုင်နှုန်းနဲ့ တတိယနေရာ၊ Park Shin Hye က၃.၁ရာခိုင်နှုန်း နဲ့စတုတ္ထနေရာ၊ Han Ji Min ကတော့ ၂.၈ရာခိုင်နှုန်း နဲ့ပဉ္စမနေရာ တို့ကို vote ပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။

မြန်မာနိုင်ငံက ပရိတ်သတ်ကြီးကရော `White Day´ မှာ ဘယ်အနုပညာရှင်တွေနဲ့အတူ ဖြတ်သန်းချင်လည်းဆိုတာ ရွေးချယ်ကြည့်ပါဦးနော်။ ပြီးတော့ မတ်လ၁၄ရက်နေ့မှာ ကျရောက်မယ့် `White Day´ နေ့လေးမှာ ကိုယ်ချစ်ခင်တဲ့ ဘယ်လိုလူလေးတွေနဲ့အတူတူဖြတ်သန်းချင်လည်းဆိုတာ စဉ်းစားရင်း လက်ဆောင်လေးတွေပြင်ဆင်ရင်း မတ်လ၁၄ရက်နေ့ကိုရင်ခုန်စွာနဲ့စောင့်မျှော်ပေးကြပါဦးရှင့်။

မြန်မာနိုင်ငံက Single ကိုကို မမ တွေရေ `White Day´ လေးကို `Valentine Day´ ထက်ပိုပြီး Romance ဆန်ဆန်လေးဖြတ်သန်းလိုက်ကြရအောင်နော်……….

Refrence : Soompi.com

Leave a Reply

Your email address will not be published. Required fields are marked *