Red Carpet ကို ဖိနပ်ချွတ်ပြီး တက်ရောက်ခဲ့တဲ့ Twilight မင်းသမီး Kristen Stewart

Twilight ဇာတ်ကားများစွာနဲ့ နာမည်ကျော်ကြားခဲ့တဲ့ သွေးစုတ်ကောင်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သော ချစ်စရာမင်းသမီးချောလေး Kristen ကို မှတ်မိကြအုံးမယ်ထင်ပါတယ်နော်။ Kristen ကတော့ ပြင်သစ်နိုင်ငံမှာ (၁၁) ရက်ကြာ ပြုလုပ်တဲ့ Cannes Film Festival ကို တက်ရောက်လာခဲ့ပါတယ်။ ပွဲထဲကို ဝင်ဝင်ခြင်းအပေါက်မှာဘဲ media တွေကို နှုတ်ဆက်ပြီး ဓါတ်ပုံအရိုက်ခံပြီးတဲ့နောက်မှာ ရုတ်တရက်ဆိုသလို သူမစီးလားတဲ့ Christian Louboutin shoe ကို ချွတ်ပြီး Red Carpet လှေကားပေါ်ကို တက်သွားခဲ့ပါတယ်။ အားလုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အံ့အားသင့်ရင်း အမိအရဓာတ်ပုံတွေလည်း ရိုက်ကူးကြပါတယ်။ ဒီပွဲကတော့ International Film Festival ဖြစ်တဲ့အတွက် နိုင်ငံတကာမှ အနုပညာရှင်များစွာ တက်ရောက်ကြတဲ့ အကြီးဆုံး Film Festival တစ်ခုလည်းဖြစ်ပါတယ်။

Kristen ဖိနပ်ချွတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Twitter ရဲ့ စာမျက်နှာပေါ်မှာတော့ အတွေးအမျိုးမျိုးနဲ့ ဝေဖန်မှုအမျိုးမျိုး ရှိနေဆဲပါ။ Twitter စာမျက်နှာပေါ်က ဝေဖန်မှုများကိုတော့ အောက်မှာကြည့်ရှု့နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *