ပရိသတ်ကို ဘယ်လိုပုံစံနဲ့ ကြွေအောင်လုပ်နိုင်မလဲဆိုတာကို မြင်တွေ့ရတော့မယ့် “ကြွေ”

ဒီရုပ်ရှင်ကားဟာ စရိုက်ပါပြီဆိုကတည်းက ပွက်လောညံနေခဲ့တာပါ။ မညံလို့မရအောင်ကလည်း ဇာတ်လမ်းက ဆရာမင်းလူရဲ့ နာမည်ကျော်ဝတ္ထု ဖြစ်နေပါတယ်။ မြန်မာပြည်မှာ နာမည်ကြီးစာရေးဆရာ ဆရာမတွေရဲ့ဝတ္ထုဇာတ်လမ်း (အပျော်ဖတ်ဝတ္ထုတွေကိုမဆိုလို) တွေကို ရုပ်ရှင်ရိုက်တိုင်း ဒီပြသနာကတက်နေကြပါ။

 

ဒါပေမဲ့ စာဖတ်ပရိသတ်တွေ ဘယ်လိုပဲဝေဖန်ပါစေ အချိန်တန်ရင်ရုပ်ရှင်က ထွက်လာစမြဲဆိုတာလို အခုလည်းဆရာမင်းလူရဲ့ “ပြောတိုင်းယုံတဲ့ပုတ်သင်ညို”  ဆိုတဲ့ ဇာတ်လမ်းကိုပြန်လည်ရိုက်ကူးထားတယ်ဆိုတဲ့ “ကြွေ” ရုပ်ရှင်ဇာတ်ကားကို လာမယ့်ဇူလိုင်လ နှစ်ဆယ်ရက်နေ့မှာ ရုံတင်တော့မှာပါ။ လူငယ်လူကြီးမရွေးနှစ်သက်ကြတဲ့ ဆရာမင်းလူရဲ့ ဇာတ်လမ်းဆိုတော့ ဇာတ်လမ်းကကောင်းပြီးသားဖြစ်ပြီး ပုံဖော်သူတွေက ဘယ်လောက်အထိလက်ရာမြောက်စွာပုံဖော်နိုင်မလဲဆိုတာကိုသာစောင့်ကြည့်ရမှာပါ၊

 

ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ တက္ကသိုလ်ရဲ့ အချောအလှထိပ်တင် ခင်ရင်တင်ဆိုတဲ့ မိန်းကလေးကို ချစ်မိတဲ့ နေမင်းမောင် ဆိုတဲ့ကောင်လေးဟာ ခင်ရင်တင်ရဲ့ အချစ်ကိုရဖို့ သူမစိတ်ကျေနပ်အောင် အခက်အခဲတွေကြားက ကြိုးစားရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ သူငယ်ချင်းတွေတားတဲ့ကြားက ခက်ခဲတဲ့ ခင်ရင်တင်ရဲ့အချစ်ကိုမှ လိုချင်တဲ့ နေမင်းမောင်အဖြစ် လူငယ်ကြိုက်အဆိုတော် လွှမ်းပိုင် ကသရုပ်ဆောင်ထာပြီး တက္ကသိုလ်ရဲ့ နာမည်ကြီးအလှဘုရင်မ၊ ယောကျာ်းတွေရဲ့အချစ်ဆိုတာကို အယုံအကြည်မရှိသူ ခင်ရင်တင် အဖြစ် ခန္ဓာကိုယ်လှလှနဲ့မင်းသမီး အိချောပို တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်ကားရဲ့ နာမည်ကိုက “ကြွေ” ဆိုတဲ့အတိုင်း ပရိသတ်တွေသဘောကျ ကြွေဆင်းမှာလား၊ စိတ်ပျက်ပြီး ကြွေဆင်းသွားမှာလားဆိုတာကိုတော့ လာမယ့်ဇူလိုင်လ နှစ်ဆယ်ရက်နေ့မှာစောင့်ကြည့်ကြရအုံးမှာပေါ့နော်….

Leave a Reply

Your email address will not be published. Required fields are marked *