မိဘနဲ့ခံယူချက်ခြင်းမတူတဲ့ ဂျစ်ကန်ကန်ကောင်မလေးတွေအတွက် Lady Bird

ဒီတခါမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကောင်းလေးကတော့ လူငယ်တွေအနေနဲ့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ယူဆလို့ရတဲ့ Lady Bird ဆိုတဲ့ ဇာတ်ကားလေးဘဲဖြစ်ပါတယ်။ ဒီကားလေးက လူငယ်တွေကို ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ အဓိကလူငယ်တွေ မဖြစ်မနေကြည့်သင့်ပြီး ကြည့်တဲ့သူတိုင်းအတွက် message တစ်ခုခုကျန်နေခဲ့မယ်ဆိုတာလည်း သေချာပါတယ်။ Golden Globes လို့ခေါ်တဲ့ ရွှေကမ္ဘာလုံးပွဲမှာလည်း ဆုတွေများစွာရရှိထားပြီး Oscar မှာလည်း ဆန်ကာတင်များစွာရွေးချယ်ခံခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Lady Bird အဖြစ်ပါဝင်တဲ့ မင်းသမီးလေး Saoirse Ronan ကလည်း ရွှေကမ္ဘာလုံးဆုအနေနဲ့ Best Performance ကို ထိုက်တန်စွာ ရရှိခဲ့ပါသေးတယ်။

 

 

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ လူငယ်အထက်တန်းကျောင်းသူတစ်ဉီးအနေနဲ့ မိဘကိုကန်လန်ကဆန် စတင်ပြုလုပ်လာတဲ့ အရွယ်ဖြစ်လို့ မိဘအပေါ် ဂျစ်ကန်ကန်နေတတ်တဲ့ အထက်တန်းကျောင်းသူလေးတစ်ဦးရဲ့ ဇာတ်လမ်းကို ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဥပမာ – မိဘက အထက်တန်းအရွယ်မှာ ရည်းစားထားတာကို သဘောမတူဘူး။ ကလေးတွေက ဒါကိုမှလက်တဲ့စမ်းကြည့်ချင်တယ်။ ဒါကိုမှ လိုချင်တယ်။ ဖြစ်ချင်တယ်။ နောက်ဆက်တွဲပြန်ရတာကဘာလဲ? ….. စသဖြင့်ပေါ့။ ဇာတ်လမ်းလေးရဲ့ အဆုံးသတ်မှာ အတောင်စုံလို့ မိဘအရိပ်ကနေခွဲထွက်သွားချိန်မှာတော့ မိဘကို တမ်းတမိတာတွေ အရေးကြုံရင် သတိရတာမျိုးတွေကို ဇာတ်လမ်းဇာတ်ကွက် ကိုက်ညီစွာ ရိုက်ကူးပုံဖော်ထားပုံမှာ ဆုများစွာ ထိုက်တန်ပြီး Lady Bird လေးအနေနဲ့ Best Performance ဆုရတာ ထိုက်တန်တယ်ဆိုတာကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။  နောက်တခုက Imdb ရဲ့ rating 7.8 ဆိုတော့ ကြည့်လိုက်တော့လို့ဘဲ လက်တို့လိုက်ချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *