Running Man ရဲ့ Special Project မှာ Lee Da Hee နဲ့ Hong Jin Young တို့ပါဝင်

running man

SBS ရဲ့ Variety Show တစ်ခုဖြစ်တဲ့ Running Man အစီစဉ်မှာ လုံးဝထူးဆန်းတဲ့ Project အသစ်တစ်ခုကို စတင်ရိုက်ကူးဖို့အတွက် ပြင်ဆင်နေကြပါတယ်။ မတ်လ ၈ ရက်နေ့မှာ မင်းသမီး Lee Da Hee နဲ့ အဆိုတော် Hong Jin Young တို့နှစ်ဦးက မတ်လ ၁၂ ရက်နေ့မှာရိုက်ကူးမယ့် Running Man အပိုင်းသစ်အတွက် ဧည့်သည်တွေအဖြစ်နဲ့ပါဝင်ဖို့ Schedule တွေရှိနေကြပါတယ်ဆိုပြီး သတင်းတွေထွက်ရှိလာပါတယ်။ သူမတို့နှစ်ဦးကတော့ အပိုင်းသစ်တစ်ပိုင်းစာသာရိုက်ကူးရေးလုပ်ဖို့အတွက်မဟုတ်ဘဲ နောက်ထပ် ၄ ပတ်အထိ Running Man မှာပါဝင်ရိုက်ကူးဖို့ သဘောတူညီထားခဲ့တာပဲဖြစ်ပါတယ်။

 

A post shared by 이다희 (@dahee0315) on

 

SBS ရဲ့ တာဝန်ရှိသူတစ်ဦးက “လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ရိုက်ကူးရေးလုပ်ဖို့ မင်းသမီး Lee Da Hee နဲ့ အဆိုတော်ချောချောလေး Hong Jin Young တို့နှစ်ဦးက ပါဝင်ကူညီအားဖြည့်ပေးကြမယ်ဆိုတာ အမှန်ပဲဖြစ်ပါတယ်။ Special Project တစ်ခုကိုဖန်တီးနေတယ်ဆိုတာကလည်း သတင်းအမှန်ပါ။ ဒါပေမယ့် Schedule တွေကိုတော့ သေချာအပြည့်အစုံပြီးမြောက်အောင် စီစဉ်ထားခြင်းမရှိသေးပါဘူး” ဆိုပြီးပြောပြလာခဲ့ပါတယ်။

 

Lee Da Hee က ဖေဖော်ဝါရီလမှာလည်း Running Man ကိုလာရောက်ခဲ့ဖူးပြီး အရမ်းကိုအမှတ်ရစေတဲ့ Guest တစ်ယောက်အဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။ သူမရဲ့ partner ကတော့ Lee Kwang Soo ဆိုတော့ ပြောစရာမလိုလောက်အောင် ပရိတ်သတ်တွေကိုပျော်ရွှင်မှုတွေပေးခဲ့မယ်လို့ထင်ပါတယ်။ Lee Da Hee နဲ့ Hong Jin Young တို့ပါဝင်တဲ့ Running Man အပိုင်းသစ်လေးကိုတော့ မတ်လ ၁၈ ရက်နေ့မှာ SBS ရုပ်သံကနေပြီးထုတ်လွှင့်ပြသမှာပါ။ Special Project ကိုလည်းပြင်ဆင်နေကြတယ်ဆိုတော့ ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ Game တွေကိုဆော့ကြမလည်း၊ ဘယ်လိုအစီစဉ်ထူးတွေနဲ့ ပရိသတ်ကြီးကိုဖမ်းစားဦးမလည်း ဆိုတာတွေကတော့ စိတ်ဝင်စားစရာပါပဲရှင်။ ကဲ… မတ်လ ၁၈ ရက်နေ့ကိုစောင့်မျှော်ပေးကြပါဦး Runner အပေါင်းတို့ရေ…..။ 😉

 

 

Ref: (1), (2)

Leave a Reply

Your email address will not be published. Required fields are marked *