tvN ကနေထုတ်လွှင့်ပြသမယ့် Drama Series အသစ်မှာ Lee Joon Gi ပါဝင်သရုပ်ဆောင်မယ်ဆိုတာသိပြီးကြပြီလား…

၂၀၁၆ မှာ SBS ကနေထုတ်လွှင့်ပြသခဲ့တဲ့ ‘Moon Lovers: Scarlet Heart Ryeo’ ဇာတ်ကားလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မိန်းကလေးအရွယ်စုံရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ မင်းသားချောလေး Lee Joon Gi ကတော့ ဇာတ်လမ်းတွဲအသစ်မှာပါဝင်သရုပ်ဆောင်ဖို့ Confirm လုပ်လိုက်ပါပြီ။

 

Lee Joon Gi က tvN ကနေထုတ်လွှင့်ပြသမယ့် ‘Lawless Lawyer’ ဆိုတဲ့ Drama အသစ်မှာပါဝင်သရုပ်ဆောင်မှာပါ။ သူက ဒီဇာတ်ကားလေးမှာ ခေါင်းဆောင်မင်းသား Bong Sang Pil နေရာကနေပါဝင်မှာပါတဲ့ရှင်။ Bong Sang Pil ဟာ ကလေးဘဝတုန်းက သူ့ရဲ့အမေအသတ်ခံရတာကိုမြင်တွေ့ခဲ့ရပြီး သူ့အမေသေဆုံးရတာနဲ့ပတ်သက်တာတွေကို ရှာဖွေစုံစမ်းရင်းကြီးပြင်းလာခဲ့ရပါတယ်။ သူဟာ အမေအတွက်ကလဲ့စားချေလိုစိတ်တွေပြင်းပြပြီး သူ့ဘဝကိုမြင့်မားအောင်ကြိုးစားရင်း အခွင့်သာတာနဲ့လက်စားချေဖို့အတွက်ပြင်ဆင်နေတဲ့ လူငယ်တစ်ဦးရဲ့ ကာရိုက်တာပုံမျိုးပါ။

 

Lee Joon Gi ဟာ ကျရာကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ စွမ်းရည်တွေကြောင့် အောင်မြင်ကျော်ကြားနေသူတစ်ဦးပါ။ ပရိသတ်တွေကတော့ Lee Joon Gi နဲ့ ထုတ်လုပ်ရေးဒါရိုက်တာ Kim Jin Min တို့နှစ်ဦးပူးပေါင်းပြီး ရိုက်ကူးထုတ်လွှင့်မယ့် ဒီဇာတ်ကားလေးအတွက် အရမ်းကိုရင်ခုန်နေကြပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက MBC ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့တဲ့ သူတို့နှစ်ဦးပူးပေါင်းရိုက်ကူးထားတဲ့ ‘Time Between Dog And Wolf’ ဇာတ်ကားလေးဟာ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ Lee Joon Gi ကလည်း Kim Jin Min နဲ့ သူ့ရဲ့သရုပ်ဆောင်ဘဝကြီးကိုစတင်ခဲ့ရတာပါလို့ ဖော်ပြထားပါတယ်။

 

 

အံမခန်းဖွယ် Lee Joon Gi ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့အတူ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ အမြဲတမူထူးခြားနေအောင်ရိုက်ကူးတတ်တဲ့ Kim Jin Min ရဲ့ရိုက်ကူးရေးစွမ်းရည်တို့ကြောင့် ပရိသတ်ကြီးအတွက်မေ့မရတဲ့ ဇာတ်ကားတစ်ခုကိုဖန်တီးပေးခဲ့ပြီးပါပြီ။ ‘Lawless Lawyer’ ဇာတ်ကားကြီးရဲ့ ထုတ်လုပ်သူနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေဟာ “၁၁နှစ်ကြာပြီးမှ Lee Joon Gi နဲ့ ဒါရိုက်တာ Kim Jin Min တို့နှစ်ဦး ပြန်လည်ပူးပေါင်းရိုက်ကူးကြမှာကို အရမ်းပဲရင်ခုန်နေကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်အရမ်းယုံကြည်ကြတယ်။ Lee Joon Gi ကလည်း ဒီဇာတ်ကားမှာပါဝင်တဲ့ သူ့ရဲ့ကာရိုက်တာကို အကောင်းဆုံးကြိုးစားပြီး ပရိသတ်ကြီးရှေ့ချပြမယ်ဆိုတာ သူတို့အဖွဲ့သားတွေအားလုံး ယုံကြည်နေကြပါတယ်” လို့ဆိုလာပါတယ်။

 

‘Lawless Lawyer’ ဇာတ်ကားလေးကတော့ ပြဿနာတွေကို ဥပဒေနဲ့ဖြေရှင်းရမယ့်အစား အမြဲတမ်းခွန်အားသုံးတိုက်ခိုက်တတ်ပြီး အာဏာကြီးတဲ့လူအများစုကို ကလဲ့စားချေလိုတဲ့စိတ်နဲ့ အမြဲပုပ်ခတ်တတ်တဲ့ ရှေ့နေ့တစ်ယောက်ရဲ့ဘဝကိုရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုပါ။ ဒီဇာတ်ကားအတွက် မင်းသမီးလေးကိုတော့ Seo Ye Ji ကို ကမ်းလှမ်းထားတယ်လို့သိရပါတယ်။ ‘Lawless Lawyer’ ရုပ်သံဇာတ်လမ်းတွဲကိုတော့ မေလလောက်မှာ tvN ရုပ်သံအစီစဉ်မှ ထုတ်လွှင့်ပြသမှာပဲဖြစ်ပါတယ်။ ‘Moon Lovers’ ဇာတ်ကားလေးနဲ့ ပရိသတ်မိန်းမပျိုလေးတွေရဲ့အသည်းကို ဆွဲလှုပ်သွားခဲ့တဲ့ Lee Joon Gi တစ်ယောက် ခုတစ်ခေါက်ရော ဘယ်လိုပုံမျိုး၊ ဘယ်လိုသရုပ်ဆောင်စွမ်းရည်တွေနဲ့ အသည်းကိုဆွဲနှုတ်ဦးမလည်းဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်လိုက်ကြပါဦး…။

 

 

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *