ဘဝရဲ့အနိမ့်အမြင့်တွေကို ပုံဖော်ထားတဲ့ Les Misérables

ပြင်သစ်စာရေးဆရာကြီး Victor Hugo ကိုတော့ လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ Hugo ရေးတဲ့ စာပေတွေကို ဖတ်ဖူးတဲ့သူတွေကတော့ ဒီနိုင်ငံမှာ ရှားလိမ့်မယ်လို့ ထင်မိပါတယ်။ အဲ့ဒါကြောင့် Hugo ရဲ့ ဖန်တီးမှုတွေအထဲက တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ စာဖတ်ပျင်းတဲ့သူတွေအတွက်ရော ဖတ်ဖို့ မအားတဲ့သူတွေအတွက်ပါ ၂ နာရီလောက် အချိန်ပေးရုံနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် လေးပေါ့။

 

ဇာတ်ကားနာမည်က Les Misérables ပါ။ အဓိပ္ပာယ်က ဘာလဲဆိုရင် ” စိတ်ဆင်းရဲမှုများ “လို့  ပြန်လို့ရပါတယ်။ ဒီကားလေးကတော့ Hugo ရဲ့ Les Misérables စာအုပ်ကိုပဲ ပြန်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင် မင်းသမီး Anne Hathaway နဲ့ မင်းသား Hugh Jackman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။

 

ဇာတ်လမ်းအကျဉ်းကတော့ ထောင်မှာ အကျဉ်းသားတစ်ယောက်အနေနဲ့ ၁၉ နှစ်လောက် နေလာတဲ့ Jean တစ်ယောက် ပြန်လွတ်လာတဲ့အချိန်မှာ ထောင်ထိန်း Javert ဆီမှာကပ်ပြီး နေထိုင်ခဲ့ပါတယ်။ ကောင်းကောင်းနေမယ်ဆိုပြီး ကတိပေးပြီးပြီးချင်း Jean တစ်ယောက် မြို့တော်ဝန်ဆီကနေ ပိုက်ဆံသွားခိုးပါတယ်။ အဲ့လိုနဲ့ Javert က Jean ကို ထောင်ထဲပြန်သွင်းမယ် ဆိုပြီး မြို့တော်ဝန်ကိုပြောခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Jean တစ်ယောက် ဘာကြောင့်အသိတရား ရပြီး လွတ်လပ်ရေးလှုပ်ရှားသူတစ်ယောက်ဖြစ်သွားလဲ။ ပြီးတော့ လွတ်လပ်ရေးကို ဘယ်လို တိုက်ခိုက်သွားလဲဆိုတာကို Musical ပုံစံလေးနဲ့ ရိုက်ကူးဖန်တီးထားတာပါ။

 

ဒီဇာတ်ကားက Best Sound Mixing နဲ့ Best female actress in supporting role စတဲ့ Title တွေနဲ့ အော်စကာဆု နှစ်ဆု ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဘာလို့ ဒီဇာတ်ကားကို ညွှန်းရလဲဆိုရင်တော့ ရုပ်ရှင်ကြည့်ပြီးသွားတာနဲ့ ဘဝကြီးရဲ့ တစိတ်တပိုင်းကို နားလည်သွားမှာမို့လို့ပါ။ IMDb rating 7.6/10 ရရှိထားပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *