‘Lobo’ က Michael Bay ရဲ့ ပထမဆုံး Superhero ရုပ်ရှင်ဖြစ်လာနိုင်ခြေရှိ

DC Comics ရဲ့ Lobo ဇာတ်ကောင်ဟာ ဒါရိုက်တာ Michael ‘Explosion’ Bay ရဲ့ ပထမဦးဆုံး Superhero ဇာတ်ကားဖြစ်လာဖို့ အလားအလာတွေ မြင်နေရပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် Bay ဟာ DC ကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးသွားပါပြီ။ ‘Lobo’ ရုပ်ရှင်ဖြစ်လာဖို့ လိုအပ်နေတာက တစ်ခုတည်းရှိပါတယ်.. အဲဒါက Bay သဘောကျလောက်မယ့် script ပဲဖြစ်ပါတယ်။

 

လောလာဆယ်မှာ Lobo ရုပ်ရှင်ရဲ့ script ကို တာဝန်ယူရေးသားနေသူက Wonder Woman ရုပ်ရှင်ရဲ့ script ကိုရေးသားပေးခဲ့သူ Jason Fuchs ဖြစ်ပါတယ်။ အဲဒီတော့ အရည်အသွေးပိုင်းကတော့ ကောင်းမှာသေချာသလောက်ပါပဲ။ အဲဒါဆို ဘာကပြဿနာတက်နေတာလဲ။

 

THR ရဲ့အဆိုအရဆိုရင် လက်ရှိ လက်ထဲမှာရှိနေတဲ့ script အတိုင်းသာ သရုပ်ဖော်ရိုက်ကူးမယ်ဆိုရင် ဒေါ်လာသန်း ၂၀၀ ခန့်အသာလေးကုန်ကျမှာဖြစ်ပါတယ်။ ဒါဟာ DC ကရော Bay ကပါ သဘောမကျတဲ့ ပမာဏတစ်ခုဖြစ်ပါတယ်။ Comic fan တွေကလွဲပြီး သာမန်ရုပ်ရှင်ကြည့်ပရိသတ်တွေ မသိကြတဲ့ ဇာတ်ကောင်တစ်ယောက်အကြောင်းရိုက်မယ့် ရုပ်ရှင်အပေါ်မှာ အဲဒီလောက် budget အများကြီးမသုံးချင်ဘူးဆိုတာ သဘာဝတော့ကျပါတယ်။ ဒီတော့ Fuchs က script ကိုပြန်ပြင်ရေးရမှာဖြစ်ပြီး အဲဒီပြန်ပြင်ပြီးသား script ကို Bay က သဘောကျမှသာ ဒီရုပ်ရှင်က အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။

 

Lobo ဆိုတာက အပြောအဆိုကြမ်းပြီး တစ်ကိုယ်ကောင်းခပ်ဆန်ဆန် anti-hero alien တစ်ယောက်ပါ။ သတ်ဖြတ်ရတာကို ဝါသနာပါပြီး စက္ကြာဝဠာအနှံ့လှည့်လည်ကာ bounty hunter အဖြစ် အသက်မွေးနေသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူတန်ဖိုးထားတဲ့အရာနဲ့ပတ်သက်လာရင်တော့ လုံးဝစည်းမဖောက်သူဖြစ်ပါတယ်။ စွမ်းရည်ပိုင်းအရဆိုရင် healing factor, superhuman strength နဲ့ durability တွေပိုင်ဆိုင်ထားကာ Superman နဲ့တောင် ရင်ပေါင်တန်းနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

 

အဲဒီတော့ ဒီလိုဇာတ်ကောင်မျိုးကိုရိုက်မယ့်ရုပ်ရှင်ဆိုတော့ ‘Lobo’ ဟာ DC ရဲ့ပထမဦးဆုံး R-Rated ရုပ်ရှင်ဖြစ်လာမလားဆိုပြီး ခန့်မှန်းနေကြပါတယ်။ Warner Bros အနေနဲ့လည်း Marvel ရဲ့ R-Rated ရုပ်ရှင်ဖြစ်တဲ့ Deadpool ရဲ့အောင်မြင်မှုကိုမြင်ပြီးနောက် DC counterpart တွေထုတ်ဖို့ တာစူနေတာကြာပီဖြစ်ပါတယ်။ ဒီဇာတ်ကား တကယ်အကောင်အထည်ပေါ်လာမယ် မပေါ်လာဘူးဆိုတာက မသေချာသေးပေမယ့် လုံးဝသေချာတာတစ်ခုတော့ရှိပါတယ်.. အဲဒါကတော့ Michael Bay ရိုက်ရင် explosion တွေ အများကြီးမြင်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *