Loki နဲ့ Scarlet Witch တို့ကို TV Series အနေနဲ့ ရိုက်ကူးဖို့စီစဉ်နေတဲ့ Disney

Disney ဟာ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာထုတ်မယ့် သူ့ရဲ့ Streaming device အတွက် ကြီးကြီးမားမားတွေစီစဉ်နေပါတယ်။ ဒီအစီအစဉ်တွေထဲမှာတော့ Marvel ရဲ့ နာမည်ကြီး hero တွေအကြောင်း ရိုက်ထားတဲ့ series တွေ၊ အရင်ကနာမည်ကြီးခဲ့တဲ့ Disney ကာတွန်းဇာတ်ကားတွေရဲ့ Live-action တွေ စတာတွေပါဝင်ဖို့ရှိနေပါတယ်။

 

ကနဦးအနေနဲ့ကတော့ ကိုယ်ပိုင် solo movie ရိုက်ကူးဖို့ လက်တလောအစီအစဉ်မရှိသေးတဲ့ character တွေကိုဦးစားပေးရိုက်ကူးသွားမှာဖြစ်ပြီး လောလောဆယ် Loki နဲ့ Scarlet Witch ရဲ့ series တွေကိုအရင်ဆုံးရိုက်ကူးမယ်လို့သိရပါတယ်။ ဒါပေမယ့် ဒီ series တွေဟာ အခုလက်ရှိရိုက်ကူးနေတဲ့ Marvel series တွေနဲ့တူမှာမဟုတ်ပဲ အရင် Marvel ရုပ်ရှင်တွေမှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကိုပဲ ဆက်သုံးသွားဖို့စီစဉ်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် Loki နဲ့ Scarlet Witch အတွက် သရုပ်ဆောင်တွေကတော့ ပရိသတ်တွေရင်းနှီးပြီးသား Tom Hiddleston နဲ့ Elizabeth Olsen တို့ပဲဖြစ်လာဖို့ ရာခိုင်နှုန်းများပါတယ်။

 

ဒါ့အပြင် ဒီ series တွေကို ငွေအားလူအား အများကြီးစိုက်ထုတ်ရိုက်ကူးသွားမှာဖြစ်ပြီး Marvel studio ကပဲဖြန့်ချိပေးသွားမှာဖြစ်တာမို့ Marvel ဂုရုကြီး Kevin Feige ကပါ character development အတွက်တစ်ဖက်တစ်လမ်းက ပါဝင်ပေးမယ့်ပုံရှိပါတယ်။ ဒီ series တွေမှာ အပိုင်းခြောက်ပိုင်းကနေ ကိုးပိုင်းအထိပါဝင်မယ်လို့သိရပါတယ်။

 

ဒါတင်မက Disney ဟာ အခြား နာမည်ကြီး ဇာတ်လမ်းတွေဖြစ်တဲ့ Star Wars ကိုလည်းတမူထူးခြားတဲ့ ပုံစံနဲ့ပြန်လည်ရိုက်ဖို့ရှိသလို High-school musical ကိုအခြေခံထားတဲ့ဇာတ်လမ်းနဲ့ Lady and Tramp ကာတွန်းကားရဲ့ Live-action တို့ကိုပါရိုက်ကူးသွားဖို့ရှိနေပါတယ်။ သူတို့ Streaming device ထွက်ထွက်ချင်းမှာပဲ ပွဲဦးထွက်အနေနဲ့ Dumbo Live-action နဲ့ Captain Marvel ရုပ်ရှင်တို့ကိုပါ ထည့်သွင်းပေးသွားမယ်လို့သိရပါတယ်။

 

Netflix နဲ့ Amazon တို့ရဲ့ streaming device တွေဟာ ကြည့်ရှုသူတွေကြားမှာ နေရာတစ်နေရာအခိုင်အမာရထားတာကြောင့် သူတို့ကိုရင်ဘောင်တန်းနိုင်ဖို့ Disney ကလည်း streaming device တစ်ခုထုတ်ဖို့စီစဉ်နေတာဖြစ်ပါတယ်။ ဒီ streaming device ကို Netflix ထက်ပိုမိုသက်သာတဲ့ ဈေးနှုန်းနဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာ ချပြသွားဖို့ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *