‘Luke Skywalker’ သရုပ်ဆောင် မင်းသားကြီး Mark Hamill နောက်ဆုံးတော့ Walk of Fame ကြယ်ပွင့်ရရှိခဲ့ပြီ

star-wars-the-last-jedi_mark-hamill

‘Star Wars’ Franchise ထဲက Luke Skywalker ရဲ့သရုပ်ဆောင် ဂန္ဓဝင်မင်းသားကြီး Mark Hamill ဟာ နောက်ဆုံးတော့ Hollywood Walk of Fame မှာ သူ့နာမည်နဲ့ ကြယ်ပွင့်ရရှိတော့မှာဖြစ်ပါတယ်။

 

ကြယ်ပွင့်ပေးအပ်တဲ့အခမ်းအနားကို မတ်လ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ‘Star Wars’ Franchise ရဲ့ဖန်တီးရှင် George Lucas ကိုယ်တိုင်နဲ့ Han Solo သရုပ်ဆောင် Harrison Ford တို့က အခမ်းအနားမှူးတွေအဖြစ် တာဝန်ယူပေးကြမှာဖြစ်ပါတယ်။ Hamill ဟာ ဒီလျှောက်လမ်းပေါ်က ၂၆၃၀ ခုမြောက်ကြယ်ပွင့်ကို ရရှိမှာပဲဖြစ်ပါတယ်။

 

Mark Hamill သူ့အင်မတန်ဝမ်းသာနေပါတယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့ twitter စာမျက်နှာကနေတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ ဒါကို “Dream Come True” လို့မပြောလိုပါဘူးတဲ့.. ဘာကြောင့်လည်းဆိုတော့ ဒီလို Walk of Fame မှာဂုဏ်ပြုခံရမယ်ဆိုတာကို စိတ်ကူးတောင်မယဉ်ဖူးတဲ့အတွက်ဖြစ်ပါတယ်တဲ့။

 

Hamill က သူပျော်တယ်ဆိုတဲ့အကြောင်းကို ဒီတိုင်းပြောသွားတာမဟုတ်ပါဘူး။ သူလုံးဝကြည့်လို့မရတဲ့ သူတစ်ယောက်ကို ခနဲ့လိုက်ပါသေးတယ်။ အဲဒီ tweet ရဲ့ ဒုတိယအပိုင်းမှာ “သူ့အနေနဲ့ ဒီလိုဂုဏ်ပြုခံရတာနဲ့ ထိုက်တန်ရဲ့လားဆိုတာ သံသယဝင်မိပေမယ့် တစ်ယောက်သောသူက ဘာမှမဟုတ်တဲ့ Reality Show တစ်ခုတည်းကြောင့် ကြယ်ပွင့်ရရှိခဲ့တာကိုစဉ်းစားမိလိုက်တော့ စိတ်သက်သာရာရမိတယ်” လို့ ပြောကြားထားခဲ့ပါတယ်။ အဲဒီတစ်ယောက်သောသူဆိုတာက လက်ရှိအမေရိကန်သမ္မတ Donald Trump ကို ဆိုလိုတာဖြစ်ပါတယ်။

 

 

Mark Hamill တစ်ယောက် Walk of Fame မှာ ဂုဏ်ပြုခံရမယ်ဆိုတော့ ကမ္ဘာတစ်ဝန်းက သူ့ကိုချစ်တဲ့ပရိသတ်တွေက အတိုင်းထက်အလွန် ဝမ်းမြောက်နေကြပါတယ်။

 

 

 

 

 

 

 

Ref: Variety

Movie News

No Comments

Leave a Reply

Your email address will not be published. Required fields are marked *