အပြောင်းအလဲလေးဖြစ်အောင် လူတွေရဲ့ ဦးနှောက်ကို Hack ကြည့်ကြမယ်….

ဒီတခါ ဇာတ်ကားလမ်းညွှန်လေးကတော့ သာမာန်ကြည့်နေကျ အက်ရှင်ဇာတ်ကားမျိုးတွေလည်း မဟုတ်သလို အချစ်အလွမ်းနဲ့ မှော်ဇာတ်ကားတွေအကြောင်းလည်း မဟုတ်ပါဘူး။ အဲ့လိုဇာတ်ကားမျိူးတွေ ကြည့်ရတာ ရိုးနေပြီဆိုရင် IT နယ်ပယ်နဲ့ ဆက်နွယ်နေတဲ့ ဒီဇာတ်ကားလေးကို recommend ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးဟာ ပထမပိုင်းမှာ ကြည့်ရတာပျင်းစရာကောင်းမယ်လို့ ထင်ရပေမယ့် တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်မြင့်လာပြီး IT သမားတွေ အကြိုက်တွေ့နိုင်မယ့် ဇာတ်ကားမျိုးလည်း ဖြစ်ပါတယ်။

 

ဒီဇာတ်လမ်းမှာ Hack တယ်ဆိုတာ လူတွေရဲ့ နည်းပညာအချက်လက်တွေကို hacker လုပ်တာမျိုးမဟုတ်ဘဲ လူတွေရဲ့ ဦးနှောက်တွေကို hacker လုပ်မှာပါ။ ဇာတ်လမ်းထဲမှာ မေဆင် လို့အမည်ရတဲ့ ဇာတ်ကောင်ရဲ့ အဓိကရည်ရွယ်ချက်က လူတွေရဲ့ ဉီးနှောက်တွေကို hack ပြီး မကောင်းတဲ့အပိုင်းတွေကို ဖယ်ထုတ်မယ်။ ဦးနှောက်ရဲ့ ကောင်းတဲ့အပိုင်းတွေကို အသုံးချပြီး လူသားတွေနဲ့ ကမ္ဘာကြီးကို ကယ်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ မေဆင် ဟာ သူကိုယ်တိုင်လည်း သူ့ဦးနှောက်ကို စမ်းသပ်ထားတာကြောင့် သူနဲ့အတူ လူတစ်ယောက်အမြဲရှိနေခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ရည်ရွယ်ချက်တွေပြီးဆုံးအောင် နည်းပညာတွေနဲ့ ဘာတွေဆက်ပြီး လုပ်ဆောင်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းကြည့်တာ စိတ်ဝင်စားဖို့ ပိုကောင်းမယ်လို့ အကြံပေးချင်ပါတယ်။ အောက်က trailer မှာ ဇာတ်လမ်းအခြေနေလေးကို မြည်းစမ်းကြည့်နိုင်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *