‘Kakegurui – Compulsive Gambler’ Live Action ရဲ့ အဓိကသရုပ်ဆောင်တွေကို ကြေညာလိုက်ပြီ

ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက Kakegurui live action မှာပါဝင်မယ့် သရုပ်ဆောင်တွေကို တစ်ယောက်ချင်းကြေညာလာတာ ဒီနေ့ကြေညာလိုက်တဲ့ Saotome Mary ဇာတ်ကောင်ရဲ့ cast အပြီးမှာတော့ ဒီဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင်သုံးယောက်လုံး ပြည့်စုံသွားပြီဖြစ်ပါတယ်။

ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ဖြစ်တဲ့ Jabami Yumeko ကို Anohana ရုပ်ရှင်ထဲမှာ Menma အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Hamabe Minami ကသရုပ်ဆောင်မှာဖြစ်ပါတယ်။ Jabami Yumeko ရဲ့ partner ဖြစ်တဲ့ Saotome Mary ဇာတ်ကောင်ကိုတော့ Prison School ဇာတ်လမ်းတွဲမှာ Midorikawa Hana အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Morikawa Aoi က သရုပ်ဆောင်မှာပါ။ နောက်ဆုံးကျန်တဲ့ဇာတ်ကောင်ဖြစ်တဲ့ Suzui Ryouta ကို Takasugi Mahiro ကသရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

 

Jabami Yumeko အဖြစ် Hamabe Minami

.             .         

 

Saotome Mary အဖြစ် Morikawa Aoi

.                .        

 

Suzui Ryouta အဖြစ် Takasugi Mahiro

.                  .         

 

Kakegurui ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ – Hyakkaou ဟာ လူကုံထံသားသမီးတွေပဲတက်ရောက်ခွင့်ရတဲ့ private ကျောင်းတစ်ခုဖြစ်ပါတယ်။ ဒီကျောင်းမှာတက်ရောက်ကြသူတွေဟာ စာတော်စရာမလိုပါဘူး၊ အားကစားမှာထူးချွန်စရာမလိုပါဘူး၊ လိုအပ်ချက်ကတစ်ခုတည်းရှိပါတယ်၊ အဲဒါကတော့ လောင်းကစားလုပ်တာတော်ရမှာဖြစ်ပါတယ်။ ဒီကျောင်းမှာ အရာရာတိုင်းကို လောင်းကစားလုပ်ပြီးပဲ ဆုံးဖြတ်ရပါတယ်။ Hyakkaou Academy ဟာ လောင်းကစားထူးချွန်သူတွေက ဘုရင်လိုနေပြီး ညံ့တဲ့သူတွေက ကျွန်တွေလိုနေရတဲ့နေရာတစ်ခုဖြစ်ပါတယ်။ တစ်နေ့မှာတော့ Jabami Yumeko ဟာ Real Gambling ဆိုတာဘာလဲဆိုတာကို တစ်ကျောင်းလုံးကိုသင်ခန်းစာပေးဖို့ ဒီကျောင်းတော်ကြီးကိုရောက်ရှိလာခဲ့ပါတယ်။

Kakegurui live action ကို ဂျပန်နိုင်ငံမှာ ၂၀၁၈ ဇန်နဝါရီ ၁၄ ရက်နေ့ကစပြီး ထုတ်လွင့်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *