အော်စကာဆုရ ဇာတ်ကား Manchester by the sea

၂၀၁၆ ခုနှစ်မှာ ခေတ်စားခဲ့တဲ့ အော်စကာဆုရဇာတ်ကားတွေ စာရင်းထဲမှာ Manchester By The Sea ဇာတ်ကားလည်း ပါဝင်ခဲ့ပါတယ်။ ဘာလို့လဲဆို ဇာတ်လမ်းက အရမ်းကောင်းတဲ့အတွက်ဖြစ်ပါတယ်။ ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ ဇာတ်လမ်းအကျဉ်းလေးကိုပဲ ပြောပါ့မယ်။

 

ဇာတ်လမ်းအကျဉ်းကတော့ Lee Chandler ဆိုတဲ့ အိမ်ထောင်ကွဲလူလတ်ပိုင်းလူတစ်ယောက်က သူ့အကို Joe Chandler ဆုံးသွားတဲ့သတင်းကို ကြားလိုက်ရတာနဲ့ သူ့အကို ရှိရာကို ရောက်ချလာခဲ့ပါတယ်။ ဒါပေမယ့် Lee သိလိုက်ရတာက သူ့အကို Joe က သူ့သား Patrick ကို စောင့်ရှောက်သူအနေနဲ့ သူ့ကို တောင်းဆိုထားခဲ့တယ်ဆိုတာပါပဲ။

 

အဲ့ဒီအတွက် Lee တစ်ယောက် Boston မှာရှိတဲ့ သူရဲ့ အိမ်ထိန်းသိမ်းရေးအလုပ်ကို ထွက်ခဲ့ပြီး သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ Manchester-by-the-sea ကို ပြန်လာခဲ့ပါတော့တယ်။ မွေးရပ်မြေ Manchester ဟာ Lee ရဲ့ ဆွေစဉ်မျိုးဆက် ငါးဖမ်းအလုပ်ကို လုပ်ကိုင်ခဲ့တဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးတစ်မြို့ပါ။ ဖြစ်ချင်တော့ Patrick က ကလေးလေးမဟုတ်ဘဲနဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ပါ။

 

အဲ့ဒီတော့ Lee တစ်ယောက် Patrick နဲ့ ဘယ်လို နှစ်ပါးသွားကြမလဲ။ ပြီးတော့ Lee တစ်ယောက် အရင်မိန်းမ ပြန်တွေ့တဲ့အခါရော ဘယ်လိုဖြစ်ကြမလဲ။ သူနဲ့ သူ့မိန်းမကို ကွဲစေခဲ့တဲ့ အတိတ်ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို Drama အမျိုးအစားလေးအတိုင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

 

ဒီကားထဲမှာဆိုရင် မင်းသားကြီး Ben Affleck ရဲ့ ညီဖြစ်သူ Casey Affleck က Lee နေရာမှာ သရုပ်ဆောင်ထားပြီး ဒီ Manchester by the sea ဇာတ်ကားနဲ့ပဲ Casey တစ်ယောက် Best actor အော်စကာဆုကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အော်စကာဆု ၂ ဆုအပါအဝင် စုစုပေါင်း ဆု ၂၄ ဆုတောင် ရရှိခဲ့တာ ဖြစ်ပါတယ်။ IMDb rating 7.8/10 ရရှိထားပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာပါ။

 

 

Leave a Reply

Your email address will not be published. Required fields are marked *