လိင်ပိုင်းဆိုင်ရာ မြူဆွယ်တဲ့ ဇာတ်ဝင်ခန်းတွေကို စိတ်ပျက်နေမိတဲ့ Margot Robbie

နာမည်ကျော် DC Comics ရဲ့ ရုပ်ရှင်ဇာတ်ကား Suicide Squad ဇာတ်ကားမှာ Joker ရဲ့ အသည်းကျော်လေး Harley Quinn အဖြစ် အပီအပြင်ဆုံး သရုပ်ဆောင်ခဲ့သူ သြစတြေးလျမင်းသမီးချော Margot Robbie က သူရဲ့သရုပ်ဆောင်ဘဝမှာ မင်းသားတွေကို လိင်ပိုင်းဆိုင်ရာ မြူဆွယ်တဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးနေရတာတွေကို စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

 

 

View this post on Instagram

 

Harley’s cake – thank you squad!

A post shared by @ margotrobbie on

မင်းသမီးချော Margot Robbie က ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကား Wolf of Wall Street ထဲမှာ Hollywood အကျော်အမော် မင်းသားကြီး Leonardo DiCarprio နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်တုန်းက ထွက်ရှိလာခဲ့တဲ့ ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ Leonardo ရဲ့ ဇနီးသည်အဖြစ် သရုပ်ဆောင်ခဲ့ရတဲ့ Margot Robbie က Leonardo ကို လိင်စိတ်တွေ နိုးကြွားလာအောင် မြူဆွယ်တဲ့ အပြုအမှု ခပ်ဆိုးဆိုးတစ်ခုကို သရုပ်ဆောင်ခဲ့ရပါတယ်။

 

အခု ဒီဇာတ်ကားရိုက်ကူးပြီး ၄နှစ်နီးပါးအကြာလောက်မှာမှ ဒီဇာတ်ဝင်ခန်းက သူမအတွက် အရမ်းထူးဆန်းပြီး ရှက်ရွံ့စရာကောင်းနေခဲ့တယ်လို့ Margot Robbie က ပြောဆိုလာခဲ့ပါတယ်။ “ဒီဇာတ်ဝင်ခန်းက ကြည့်တော့သာ ဘာမှသိပ်မဟုတ်တာ။ ကျွန်မက အိပ်ခန်းသေးသေးလေးထဲမှာ ရိုက်ကူးရေးအဖွဲ့သား အယောက်သုံးဆယ်လောက်နဲ့ အဲ့ဒီအခန်းကို ရိုက်ခဲ့ရတာ။ ဒါတောင် အကုန်လုံးက ယောကျာ်းသားတွေချည်းပဲနော်။ ၁၇နာရီနီးပါးလောက် ကျွန်မကိုယ်ကျွန်မ တစ်ကိုယ်လုံး ကိုင်တွယ်ပွတ်သပ်နေတဲ့ ပုံစံမျိုးတွေနဲ့ သရုပ်ဆောင်ခဲ့ရတာ ပြန်တွေးကြည့်ရင်တော့ ထူးလည်းထူးဆန်းနေသလို ရှက်စရာလည်းကောင်းပါတယ်” လို့ Margot Robbie က ပြောဆိုသွားခဲ့ပါတယ်။

 

ဆက်လက်ပြီးတော့ Margot Robbie က ရုပ်ရှင်ဇာတ်ကားတွေထဲမှာ မင်းသားတွေရဲ့ချစ်သူတွေ ဇနီးမယားတွေရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်နေရတာကို တကယ်စိတ်ပျက်မိကြောင်းနဲ့ အဓိကဇာတ်ကောင်ရဲ့ဘေးကနေ တအားကို ပံ့ပိုးနေရတဲ့ ဇာတ်ရုပ်မျိုးကိုလည်း ထပ်မံမရိုက်ကူးချင်တော့ဘူးလို့ ဖွင့်ဟပြောဆိုထားခဲ့ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *