The Last Jedi ရုပ်ရှင်ထဲက Luke Skywalker ဇာတ်ရုပ်ကို ဝေဖန်ခဲ့မိတာ နောင်တရမိပါတယ်လို့ ဆိုလိုက်တဲ့ Mark Hamill

Star Wars: The Last Jedi ရုံတင်တင်ပြီးချင်းမှာ စပိန် website တစ်ခုဖြစ်တဲ့ SensaCine နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာ Mark Hamill ပြောကြားခဲ့တဲ့ “He’s not my Luke Skywalker” ဆိုတဲ့စကားဟာ Star Wars ပရိသတ်တွေကြားထဲမှာဂယက်ထသွားခဲ့ပါတယ်။ ထမယ်ဆိုလည်းထချင်စရာပါပဲ၊ Original Trilogy မှာကတည်းက Luke Skywalker အဖြစ်သရုပ်ဆောင်ခဲ့သူက The Last Jedi ထဲကသူ့ရဲ့ဇာတ်ရုပ်ကိုသဘောမကျဖူးလို့ဆိုလာတော့ သို့လောသို့လောတွေးချင်စရာတွေဖြစ်သွားတာ သဘာဝကျပါတယ်။

ဒါပေမယ့် ဒီနေ့လေးတင်ပဲ Mark Hamill က သူအဲဒီလိုတွေပြောခဲ့မိတာတွေအတွက် နောင်တရမိပါတယ်လို့ သူ့ရဲ့ twitter စာမျက်နှာကနေတစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။ အဲဒီ tweet မှာ Mark Hamill က ယခုလိုပြောကြားသွားခဲ့ပါတယ် – “ငါ့ရဲ့ဒီရုပ်ရှင်အပေါ်ထားရှိတဲ့သံသယတွေကို လူသိရှင်ကြားထုတ်ပြောခဲ့မိတာကို နောင်တရမိတယ်။ ဒီလိုစိတ်ကူးဉာဏ်ကွန့်မြူးပြီးအလုပ်လုပ်ရတဲ့ကိစ္စတွေမှာ အမြင်တွေကွဲလွဲတယ်ဆိုတာဖြစ်တတ်ပေမယ့် အဲဒါတွေကို နှစ်ကိုယ်ကြားပဲထားရှိတတ်ကြတာပါ။ ငါ့ရဲ့တစ်ခုတည်းသောဆန္ဒက ဒီရုပ်ရှင်ကို အကောင်းဆုံးဖြစ်စေချင်ခဲ့မိတာပါပဲ။ အဆုံးမှာတော့ ငါဆန္ဒရှိခဲ့တဲ့အတိုင်းဖြစ်လာခဲ့သလို @rianjohnson အနေနဲ့ အလွန်ပြောင်မြောက်တဲ့လက်ရာတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။

Mark Hamill က အဲဒီ Tweet ကို #HumbledHamill ဆိုတဲ့ hashtag လေးနဲ့အဆုံးသတ်ထားခဲ့တဲ့တာကိုကြည့်ပြီး နောက်ဆုံးမှာတော့ သူ့အနေနဲ့ သူ့တစ်ကိုယ်ရေခံစားချက်ထက် ဒီ project ကြီးတစ်ခုလုံးရဲ့အကျိုးကို ထောက်သွားခဲ့တယ်လို့ ယူဆလို့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *