သူသေဆုံးသွားပြီဆိုတဲ့ ကောလဟာလကို ဟာသလေးနှောပြီး ပြန်ဖြေရှင်းတာ အခြေအနေပိုဆိုးသွားခဲ့ရတဲ့ Mark Hamill

ပြီးခဲ့တဲ့ရက်ပိုင်းက Mark Hamill (Luke Skywalker @ Star Wars) သေဆုံးသွားပြီဆိုတဲ့သတင်း social media ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီကောလဟာလကို ရှင်းလင်းတဲ့အနေနဲ့ သူမသေသေးပါဘူးဆိုတာကို သူ့ရဲ့ twitter စာမျက်နှာကနေ ပြောကြားခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ဟာသနှောထားတဲ့ ကြေညာချက်က fan တွေကို နှလုံးရောဂါပါရလုမတတ် ဖြစ်သွားစေခဲ့ပါတယ်။
အဲဒီ tweet မှာ သူ့ရဲ့အဖြူအမည်းဓာတ်ပုံပေါ်မှာ Mark Hamill နာမည်ရယ် သူ့မွေးနှစ်နဲ့ ကောလဟာလထဲက သူသေဆုံးတဲ့နှစ်ကို ဖော်ပြထားခဲ့ပါတယ်။ ပြီးတော့မှ အောက်နားလေးမှာ “Alive and Well” ဆိုပြီးရေးထားတာပါ။ ရုတ်တရက်ကြည့်လိုက်ရင် အောက်နားက “Alive and Well” ကိုမမြင်ပဲ အပေါ်ကစာတွေနဲ့တင် ဒါကတကယ်ကြီးဆိုပြီး ထင်သွားချင်စရာပါပဲ။ ပိုဆိုးတာက Hamill ရဲ့ official account က တင်တာဆိုတော့ ပိုလို့တောင် ယုံချင်စရာဖြစ်သွားပါတယ်။ (နောက်ချက်ကတော့ ကမ်းကုန်ပါပဲ)
မျက်နှာပြောင်တာက အဲမှာမရပ်သေးပါဘူး။ “Hamill သေရင် တစ်နိုင်ငံလုံးကဝမ်းနည်းမယ်.. ဒါပေမယ့် Republican တွေကတော့ ဂရုတောင်စိုက်မှာမဟုတ်ဘူး” ဆိုတဲ့ ခနဲ့တဲ့တဲ့စာသားကိုတောင် ထပ်ထည့်ထားလိုက်ပါသေးတယ်။ အဲဒီ tweet ရဲ့ hashtag ကတော့ မျက်နှာအပြောင်ဆုံးပါပဲ.. #DontRushMe တဲ့.. ???
HAMILL DIES: Much of Nation Mourns
GOP: Meh#DontRushMe pic.twitter.com/tCJDZKHFda— Mark Hamill (@HamillHimself) February 17, 2018
Ref: THR
Leave a Reply