အလွန်လန်းတဲ့ Marvel Studios ရဲ့ ခရစ်စမတ်လက်ဆောင် – Black Panther ကြော်ငြာအသစ်

Trailer ထွက်ရှိထားတာ လအနည်းငယ်ကြာသွားပြီမို့လို့ သွေးအေးနေကြတဲ့ Black Panther ချစ်သူတွေကို သွေးပြန်နွေးပေးတဲ့အနေနဲ့ Marvel Studios က ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သူ့ရဲ့ Black Panther ကြော်ငြာအသစ်ကိုထုတ်လွှင့်ပေးခဲ့ပါတယ်။ အက်ရှင်ခန်းတွေချည်းပဲ စက္ကန့် ၃၀ စာ ရွေးချယ်ထည့်သွင်းထားတာမို့ ကြည့်ရတာလုံးဝအားရစရာပါပဲ။ Black Panther ပရိသတ်တွေအတွက်ကတော့ စူပါခရစ်စမတ်လက်ဆောင်ပါပဲ။

ဒါရိုက်တာ Ryan Coogler ရဲ့လက်ရာဖြစ်တဲ့ ဒီရုပ်ရှင်ဟာ Marvel Cinematic Universe (MCU) ထဲက လူတွေစိတ်အဝင်စားဆုံးရုပ်ရှင်တစ်ကားဆိုရင်လည်းမမှားပါဘူး။ ဒီဇာတ်ကားမှာ T’Challa (Black Panther) ရဲ့ဖခင်ဖြစ်သူသေဆုံးသွားပြီးနောက် မငြိမ်သက်မှုတွေ၊ အင်အားပြိုင်ဆိုင်မှုတွေနဲ့ပြည့်နှက်နေတဲ့ Wakanda နိုင်ငံရဲ့အခြေအနေတွေကိုရိုက်ပြထားမှာဖြစ်ပါတယ်။ Black Panther အနေနဲ့ အာဏာရယူလိုတဲ့ရန်သူတွေကို ဘယ်လိုနည်းတွေနဲ့အနိုင်ယူမလဲဆိုတာကို ရုံတင်မယ့် ၂၀၁၈ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ အဖြေရှာလို့ရမှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *