Harry Potter ရိုက်ကူးစဉ်က Emma Watson ကို Crush ခဲ့ဖူးတယ်လို့ဝန်ခံလိုက်တဲ့ Matthew Lewis

Matthew Lewis ဆိုတာဘယ်သူလဲ…

 

Harry Potter ဇာတ်ကားထဲမှာ Professor Snape ကိုအသေကြောက်တဲ့.. အရမ်းအရှက်ကြီးတဲ့ Neville Longbottom ဆိုတဲ့ကောင်လေးကိုမှတ်မိကြပါသလား.. Matthew Lewis ဆိုတာက အဲဒီကောင်လေးကိုသရုပ်ဆောင်ခဲ့တဲ့မင်းသားဖြစ်ပါတယ်။

 

Lewis ဟာ Seventeen နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ Harry Potter ဇာတ်ကားတွဲကြီးရိုက်ကူးနေစဉ်တုန်းက Hermione Granger သရုပ်ဆောင် Emma Watson ကို သူအသက် ၁၄ နှစ်အရွယ်ခန့်အထိ နှစ်အတန်ကြာ crush ခဲ့ကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။

 

ဒါပေမယ့် crush ခဲ့ရုံသက်သက်ပါပဲ.. ပြီးတော့လည်း ဘာမှဆက်မဖြစ်လာခဲ့ပါဘူး.. တစ်ခုရှိတာက ကျွန်တော် သူ့ကို crush နေတဲ့အကြောင်းကို Emma ကလည်းသိတယ်ဗျ.. ကျွန်တော့်ဖက်ကချည်း ကြိတ်ပုန်းနေတာမျိုးတော့မဟုတ်ခဲ့ပါဘူး” လို့ Lewis ကဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

 

ဒါဆို အခုအချိန် နင်တို့နှစ်ယောက်ကြားဆက်ဆံရေးက တစ်မျိုးဖြစ်မနေဘူးလား ဆိုတဲ့မေးခွန်းကိုတော့ “မဖြစ်ပါဘူး.. အခုအချိန် အဲဒီတုန်းကအကြောင်းကိုပြန်တွေးမိရင် နှစ်ယောက်လုံးရယ်တောင်ရယ်ဖြစ်ကြသေးတယ်” လို့ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

 

Lewis ရဲ့အဆိုအရဆိုရင် အဲဒီအချိန်တုန်းက အချစ်ဟော်မုန်းတွေထကြွနေတာ သူတစ်ယောက်တည်းမဟုတ်ခဲ့ပါဘူးတဲ့.. Harry Potter ရိုက်ကွင်းတစ်ခုလုံးမှာ အပြန်အလှန် crush နေကြတာတွေမှတစ်ပုံကြီးပါတဲ့။

 

Harry Potter ဇာတ်ကားမှာပါဝင်ခဲ့တဲ့လူငယ်တွေအားလုံးက ရိုက်ကွင်းထဲမှာပဲစာသင်ကြရတာ.. ပြောမယ်ဆိုရင် အထက်တန်းကျောင်းတစ်ခုနဲ့ ထူးမခြားနားပါပဲ။ အဲဒီတော့ ပုံမှန်အထက်တန်းကျောင်းတွေအတိုင်းပဲ ဟိုလူ့ crush ဒီလူ့ crush တွေကအများကြီးရှိခဲ့ပါတယ်။ ရည်းစားစာတွေပလူပျံချက်ဆိုတာ Harry Potter ရိုက်ကွင်းကအမြဲတမ်း Valentine ကျနေသလိုပါပဲ.. ဒုတိယကားရိုက်နေတုန်းကအဆိုးဆုံးပါပဲ” လို့ Lewis က ထပ်မံပြောကြားသွားခဲ့ပါတယ်။

 

ကဲ.. ကိုယ်တွေမှမဟုတ်ပါဘူး… သူတို့လည်း အဲဒီအသက်အရွယ်တုန်းက ကိုယ်တွေလိုပါပဲလို့… 😝 🤣

Movie News

No Comments

Leave a Reply

Your email address will not be published. Required fields are marked *