Fan ရဲ့မွေးနေ့ကို တက်ရောက်ပါမယ်လို့ ပြောခဲ့တဲ့ Millie Bobby Brown

Stranger things မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ Eleven တဖြစ်တလဲ Millie Bobby Brown ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို သိမ်းပိုက်လိုက်ပြန်ပါပြီ။
my brother invited 8 of his classmates for his stranger things themed bday party & none of their punk selves showed up pic.twitter.com/Rw8wC5uNjo
— ayen (@ayenalambat) March 18, 2018
ပြီးခဲ့တဲ့ရက်က stranger things fan တစ်ယောက်ဖြစ်တဲ့ AARON ဆိုတဲ့ ကောင်လေးက stranger things ပုံစံတွေနဲ့ တန်ဆာဆင်ထားတဲ့ သူ့မွေးနေ့ပွဲလေးကို လာဖို့သူ့သူငယ်ချင်းတွေကို ဖိတ်ထားခဲ့ပေမယ့် တစ်ယောက်မှမလာခဲ့ပါဘူးဆိုတဲ့အကြောင်း အင်တာနက်မှာပြန့်နှံ့နေခဲ့တာကို ကိုယ်တွေရဲ့ Eleven လေးကတွေ့သွားပြီး ချစ်စရာကောင်းအောင်ကို tweet လေးတစ်ခုတင်ထားခဲ့တာပါ။
What!!!! Oh Well You can let them all know that everyone on behalf on Stranger things would’ve come! I think your awesome and next year I would like an invite… Please? 😘😘😘 https://t.co/gNir0sMpsm
— Millie Bobby Brown (@milliebbrown) March 20, 2018
Eleven တစ်ယောက်တည်းတောင်မဟုတ်ပဲ Stranger things ကိုယ်စား သူတို့တွေ သူ့နောက်နှစ်မွေးနေ့ပွဲကို တက်ရောက်ချင်မိတာကြောင့် သူ့ကိုလဲ ဖိတ်ပါဦးနော် လို့ပြောတော့ ကြွေမိပြီလေ 😍
Count me in too! I’ll bring the chocolate pudding 🎂🎉🎈
— Gaten Matarazzo (@GatenM123) March 20, 2018
Dustin ကလဲ အားကျမခံ သူ့ကိုလဲဖိတ်ပါတဲ့ သူချောကလက်ပူတင်းတွေယူလာပါ့မယ်ဆိုပြီး ပြောထားခဲ့ပါသေးတယ်။ သူတို့သာမက အဲ့ post ကိုတွေ့မိတဲ့သူတွေကလည်း နောက်နှစ်ဆို မွေးနေ့ပွဲကိုလာကြမယ်ဆိုပြီး ပြောထားတာတွေလဲ မနည်းမနောပါပဲ။ ပျော်စရာကြီးနော် 🤩 ဘယ်သူမှမလာလို့ ကြေကွဲနေရတာကနေ တကယ့်ဆုလာဘ်ကြီးရလိုက်ရတာမျိုး အက်မင်လဲ ပျော်ချင်လိုက်တာ 😋
အရင်တုန်းက Keeping up with Kardashian ဆိုတဲ့ show ရဲ့ ပင်တိုင်ပရိသတ်တစ်ယောက်ဖြစ်ခဲ့ဖူးပြီး Kim ဆီကနေ surprise reply ရခဲ့ဖူးတော့ ကြည့်ရတာ Eleven တစ်ယောက် အဲ့လိုခံစားချက်မျိုးကို ကောင်းကောင်းနားလည်ပြီး ဘယ်လိုဖေးမပေးရမယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့ရဖူးတာမို့ အပျော်တွေမျှဝေပေးတတ်တာလို့ထင်မိပါတယ်။
ပိုပိုချစ်မိသွားပါပြီ Eleven လေးရေ 😘 ဆက်ပြီးတော့လဲ ပရိသတ်ကြီးရဲ့ အချစ်တွေကို အမြဲတမ်း အပြည့်အဝရနိုင်ပါစေနော်……..
Leave a Reply