အသက်ဆယ့်ငါးနှစ်ပြည့်သွားပြီဖြစ်တဲ့ Millie Bobby Brown

Netflix ရဲ့ Stranger Things စီးရီးထဲက ကတုံးမလေး Eleven က အခုဆိုရင် တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်ထက်မြက်မြက် ရှိလှတဲ့ Millie လေးဟာဆိုရင် အသက်ဆယ့်ငါးနှစ်ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

 

Stranger Things စီးရီးထဲက Eleven ဆိုတဲ့ ဇာတ်ကောင်ကို သရုပ်စဆောင်တဲ့ အချိန်မှာ Millie ရဲ့ အသက်က ဆယ့်တစ်နှစ်ပဲ ရှိပါသေးတယ်။ အခုဆို ဆယ့်ငါးနှစ်ပြည့်ပြီးသွားတာမို့လို့ Stranger Things Season 3 မှာ အရင်တုန်းကထက် ပိုလှလာတဲ့ Millie ကိုတွေ့ရမှာပါ။ Millie Bobby Brown ကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၂၀၀၄ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။

 

 

 

View this post on Instagram

 

February 19th, 2004 = 15 years old ?✨

A post shared by millie ♡ (@milliebobbybrown) on


 

Mille ဟာ အသက်ငယ်သေးပေမယ့် အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သီချင်းဆိုတာလည်း တော်တဲ့အပြင် သရုပ်ဆောင်တာလည်း အရမ်းကို ပီပြင်လွန်းလှပါတယ်။ အသက်ဆယ့်ငါးနှစ် မပြည့်ခင်ကတည်းက Unicef ရဲ့ Brand Ambassador ၊ Calvin Klein ရဲ့ ပင်တိုင်မော်ဒယ်အဖြစ်နဲ့ အနုပညာအလုပ်တွေကိုလည်း လုပ်လျက်ရှိတာပါ။ ပြီးတော့ သူ့ရဲ့ သရုပ်ဆောင် အရည်အချင်းတွေကြောင့်လည်း Stranger Things Season 2 ကနေစပြီး တခြားကလေးသရုပ်ဆောင်တွေထက် သရုပ်ဆောင်ကြေး တိုးမြှင့်ပေးခံခဲ့ရပါတယ်။ ဒါ့အပြင် Best actress in A TV Series, Breakthrough performer of a year စတဲ့ဆုပေါင်း ၉ ဆုတိတိ ရရှိပိုင်ဆိုင်ထားပါသေးတယ်။

 

 

 

View this post on Instagram

 

????

A post shared by millie ♡ (@milliebobbybrown) on

Leave a Reply

Your email address will not be published. Required fields are marked *