Kim Kardashian ဆီက Valentine လက်ဆောင်ရလို့ အပျော်ကြီးပျော်နေတဲ့ Millie Bobby Brown

Stranger Things မင်းသမီးလေး Millie Bobby Brown ကတော့ Kim Kardashian ဆီက လက်ဆောင်တွေရရှိခဲ့လို အပျော်ကြီးပျော်နေလေရဲ့။ ပျော်မယ်ဆိုလည်းပျော်ချင်စရာပါ.. Brown ဟာ Kardashian die-hard fan တစ်ယောက်ဖြစ်တော့ သူ့ရဲ့ idol ဆီကနေ လက်ဆောင်တွေအပါအဝင် လက်ရေးနဲ့ရေးထားတဲ့စာလေးကို လက်ခံရရှိတာဟာ dreams do come true လို့တောင်ပြောရမှာပါ။
Kim က Brown ဆီကို သူမအသစ်ထုတ်လုပ်ထားတဲ့ ရေမွေးနဲ့မိတ်ကပ်တွေကို လက်ဆောင်အဖြစ်ပေးပို့ခဲ့တာဖြစ်ပါတယ်။ Brown ကတော့ လက်ဆောင်ရရချင်းလိုလိုပဲ သူမရဲ့ social media account တွေပေါ်မှာ အဲဒီအကြောင်းကို ဝမ်းသာအားရ မျှဝေခဲ့ပါတယ်။ အဲဒီ tweet မှာ သူမအနေနဲ့ Valentine’s Day အစောကြီးရောက်လာသလိုတောင် ခံစားရတယ်လို့ ဖော်ပြထားတာကိုတွေ့ရမှာပါ။
Thank you @KimKardashian for my amazing gifts! You’re the best. My Valentines Day came early💕 pic.twitter.com/y41Ug87zvy
— Millie Bobby Brown (@milliebbrown) February 6, 2018
Kim ကလည်း Brown ရဲ့အချစ်တွေကို လက်ခံတယ်လို့အဓိပ္ပာယ်ရတဲ့ Emoji လေးတွေနဲ့ tweet တစ်ခုပြန်တင်ခဲ့ပါသေးတယ်။
— Kim Kardashian West (@KimKardashian) February 6, 2018
Brown နဲ့ Kim တို့ကြားကရင်းနှီးမှုက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက စတင်ခဲ့တယ်လို့ဆိုရမှာပါ။ Brown က အင်တာဗျူးတစ်ခုမှာ သူဟာ Kardashians TV Show ကို အရူးအမူးနှစ်သက်သူတစ်ယောက်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ အဲဒီအင်တာဗျူးကိုမြင်ပြီးနောက်မှာ Kim က “ငါတို့လည်း နင့်ကိုချစ်ပါတယ်” ဆိုပြီး tweet ခဲ့ပါတယ်။
OMG @milliebbrown we love you bible!!!! https://t.co/2jFV1CfmRv
— Kim Kardashian West (@KimKardashian) November 2, 2017
သူ့ idol ဆီကနေ ချစ်တယ်လို့အပြောခံရပြီးနောက် Brown တစ်ယောက် ဘယ်လိုခံစားရတယ်ဆိုတာကို သူ reply ပြန်ခဲ့တဲ့ tweet ကိုသာကြည့်လိုက်ပါ။
BEST DAY EVER! Life complete ❤ https://t.co/zhLXrp8jaU
— Millie Bobby Brown (@milliebbrown) November 2, 2017
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက Brown က သူ့ရဲ့ salad ကို TV Show ထဲမှာ Kourtney Kardashian လှုပ်ပြခဲ့တဲ့အတိုင်း လှုပ်ပေးရင်ကောင်းမှာပဲလို့ tweet ခဲ့တာကို Kim က ဒါကိုသူစီစဉ်ပေးမယ်လို့ reply ပြန်ခဲ့ပါတယ်။
honestly, all i want is for Kourtney K to shake my salad.
— Millie Bobby Brown (@milliebbrown) January 11, 2018
I can arrange this! https://t.co/eumdmopNvT
— Kim Kardashian West (@KimKardashian) January 12, 2018
Brown နဲ့ ချစ်ကြည်နူးနေတာက Kim တစ်ယောက်တည်းမဟုတ်ပါဘူး.. အခြား Kardashian တွေဖြစ်ကြတဲ့ Khloe နဲ့ Kourtney တို့နဲ့လည်း social media ပေါ်မှာ စကားဖလှယ်ကြပါသေးတယ်။ ကြည့်ရတာ Brown က Kardashian အကုန်လုံးကို ချိန်နေသလားတောင် မှတ်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Brown တစ်ယောက် Kardashian တွေကို အမှန်အကန် stan နေပုံနဲ့ သူတို့တွေကြားက စာအသွားအလာလေးတွေဟာ fan တွေကို စိတ်ကြည်နူးစေတာတော့ အမှန်ပါပဲ။ ဒီပုံအတိုင်းဆိုရင် Brown ကို Keeping Up with the Kardashians tv show မှာ guest အနေနဲ့မြင်ရတော့မလားပါပဲ။
Leave a Reply