Sherlock Holmes ရဲ့ညီမအဖြစ်သရုပ်ဆောင်မယ့် ‘Stranger Things’ ကမင်းသမီးလေး Millie Bobby Brown

‘Stranger Things’ ရုပ်သံဇာတ်လမ်းတွဲမှာ Eleven အဖြစ်သရုပ်ဆောင်နေတဲ့ Millie Bobby Brown ဟာ စာရေးဆရာမ Nancy Springer ရဲ့ စုံထောက်ဝတ္ထုကိုမှီငြမ်းရိုက်ကူးမယ့် ‘Enola Holmes’ ရုပ်သံဇာတ်လမ်းတွဲမှာ Sherlock Holmes ရဲ့ညီမဖြစ်သူ Enola Holmes နေရာကနေ ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။

Legendary Entertainment ကတော့ Brown ကိုတော်တော်သဘောကျနေတဲ့သဘောရှိပါတယ်။ Brown ဟာ Legendary Entertainment ရဲ့ ၂၀၁၉ ထဲပြသမယ့် “Godzilla: King of the Monsters” ရုပ်ရှင်မှာ ပါဝင်ရိုက်ကူးပြီးပြီးချင်းမှာပဲ အခုရုပ်သံဇာတ်လမ်းတွဲအတွက်ကမ်းလှမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Brown သရုပ်ဆောင်ရမယ့်ဇာတ်ကောင် Enola Holmes ဟာ အစ်ကိုဖြစ်သူ Sherlock Holmes ထက် အသက် ၂၀ ခန့်ငယ်ပေမယ့် သူ့အတိုင်းအတာနဲ့သူ ထူးချွန်ပြောင်မြောက်တဲ့ စုံထောက်တစ်ဦးဖြစ်ပါတယ်။ မူရင်းဝတ္ထုတွဲမှာ စာအုပ်ပေါင်း ၆ အုပ် ထွက်ရှိထားပြီး ပထမနဲ့ပဉ္စမစာအုပ်တွေဟာ Edgar Award အတွက် လျှာထားခြင်းခံခဲ့ရတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *