Mission Impossible:Fallout ရဲ့ Official Trailer ထွက်ရှိလာ

ကမ္ဘာကျော်မင်းသားကြီး Tom Cruise ရဲ့ Mission Impossible ဇာတ်ကားတွေကို ကြည့်ရှု့ကြဖူးလိမ့်မယ်လို့ထင်ပါတယ်။ အခုတခါထွက်ရှိမယ့် Mission Impossible:Fallout ကတော့ Mission Impossible ဇာတ်ကားတွေရဲ့ ၆ ကားမြောက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃လလောက်က Tom Cruise ရဲ့ instagram ကနေ ဇာတ်ဝင်ခန်းတချို့ဖြစ်တဲ့ ရဟတ်ယာဉ်မှာတွဲလောင်းခိုပြီး လိုက်ပါပျံသန်းနေတဲ့အခန်းတွေကို မိတ်ဆက်ပေးခဲ့ပြီး အခုချိန်မှာတော့ official trailer ထွက်ရှိလို့လာခဲ့ပါပြီ။ Mission Impossible ဇာတ်ကားတွေရဲ့ ဆွဲဆောင်ချက်တွေကတော့ ဇာတ်ကားထဲမှာပါဝင်တဲ့ စတန့်ကွက်တွေအကုန်လုံးကို လူစားထိုးထားခြင်းမရှိဘဲ Tom Cruise ကိုယ်တိုင်သရုပ်ဆောင်ထားတာတွေဘဲဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံကတော့ Mission: Impossible: Fallout မှာ Tom Cruise က သူ့ရဲ့မူပိုင်ဇာတ်ကောင်ဖြစ်တဲ့ Ethan Hunt အဖြစ်ဆက်လက်ပါဝင်မှာဖြစ်ပြီး မင်းသမီး Rebecca Ferguson က Rogue Nation ထဲကသူမရဲ့ဇာတ်ကောင် Ilsa Faust အဖြစ်ဆက်လက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Henry Cavill ကတော့ August Walker ဆိုတဲ့ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်မှာဖြစ်ပြီး လူဆိုးလားလူကောင်းဆိုတာကိုတော့ ရုပ်ရှင်ကြည့်ရင်း အဖြေရှာလိုက်ပါနော်။ ဒီဇာတ်ကားကိုတော့ Rogue Nation ကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Christopher McQuarrie က ပြန်လည်ဦးဆောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ Official release date ကတော့ July လ ၂၇ ရက်နေ့ဖြစ်ပြီး အရှေ့မှာထွက်ရှိခဲ့တဲ့ Mission Impossible ဇာတ်ကားများနဲ့လည်း အောင်မြင်မှုများစွာရရှိထားခဲ့တာကြောင့် အားလုံးစောင့်မျှော်နေကြတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *