‘Mission’ Impossible – Fallout’ ရဲ့ ပထမဆုံး Trailer ထွက်ပြီ

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကပဲ Mission Impossible ဇာတ်ကားအသစ်အကြောင်း ပြောခဲ့ပါသေးတယ်။ ဒီတစ်ပတ်မှာတော့ သူ့ရဲ့ ပထမဦးဆုံး Trailer ထွက်ရှိလာပါပြီ.. စတန့်ကွက်တွေကတော့ အလန်းစားတွေပါပဲ။

 

ဒီ Trailer ထဲမှာ Ethan Hunt (Tom Cruise) နဲ့တကွ သူ့ရဲ့ IMF အဖွဲ့သားတွေကို Mission အသစ်တစ်ခုနဲ့အတူ ထပ်မံမြင်တွေ့ရမှာပါ။ အက်ရှင်ကားတွေထုံးစံအတိုင်း သေနတ်ပစ်ခန်းတွေ၊ လက်သီးယှဉ်ထိုးတာတွေ၊ ဆိုင်ကယ်နဲ့ရန်သူနောက်လိုက်တာတွေ စတာတွေပါဝင်တဲ့အမြင် Cruise သူ့ရဲ့ Instagram ကနေ tease လုပ်ခဲ့တဲ့ Helicopter စတန့်ခန်းကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် Superman မင်းသား Henry Cavill နဲ့ သူ့ရဲ့နာမည်ကြီး မုတ်ဆိတ်မွေးကိုလည်း ဒီ Trailer ထဲမှာမြင်တွေ့နိုင်ဦးမှာပါ။

 

 

Fallout မှာ Tom Cruise က Ethan Hunt အဖြစ်ဆက်လက်သရုပ်ဆောင်မှာဖြစ်ပြီး မင်းသမီး Rebecca Ferguson က Rogue Nation ထဲကသူမရဲ့ဇာတ်ကောင် Ilsa Faust အဖြစ်ပြန်လည်ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို Rogue Nation ကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Christopher McQuarrie ကပဲ ဆက်လက်ဦးဆောင်ရိုက်ကူးထားတာဖြစ်ပါတယ်။

 

Mission: Impossible – Fallout ကို ဒီနှစ် ဇူလိုင်လ ၂၇ ရက်နေ့ကျရင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *