Miyazaki Hayao ရဲ့နောက်ဆုံးလက်ရာ Anime – March လထဲပြသမည်

ဂန္ဓဝင် Anime ဖန်တီးရှင်ကြီး Miyazaki Hayao ရဲ့နောက်ဆုံးထွက်လက်ရာ Anime ကို ၂၀၁၈ မတ်လ ၂၁ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်တယ်လို့ Ghibli Museum ရဲ့ Official Website ကနေတစ်ဆင့်ကြေညာလိုက်ပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ The Wind Rises ပြီးတဲ့နောက် ပထမဦးဆုံးထွက်ရှိလာတဲ့ Miyazaki ရဲ့လက်ရာဖြစ်ပါတယ်။

တစ်ခုရှိတာက ဒီ anime လေးဟာ ရုပ်ရှင်ကားကြီးမဟုတ်ပဲ ကြာမြင့်ချိန် ၁၄ မိနစ်နဲ့ စက္ကန့် ၂၀ သာရှိမယ့် ဇာတ်လမ်းတိုလေးဖြစ်ပါတယ်။ “Boro the Caterpillar” (Kemushi no Boro) လို့အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတိုလေးဟာ Boro လို့အမည်ရတဲ့ အကောင်ပေါက်စပိုးကောင်လေးနဲ့ သူ့ပတ်ဝန်းကျင်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Laputa: Castle in the Sky, My Neighbor Totoro, Kiki’s Delivery Service, Princess Mononoke, Spirited Away, Howl’s Moving Castle အစရှိတဲ့ ဂန္ဓဝင် anime တွေကိုဖန်တီးခဲ့တဲ့ Miyazaki ဟာ anime တွေဆက်မထုတ်တော့ဘူးဆိုပြီး အနားယူသွားပေမယ့် ဗီဇပိုးကိုမထိန်းနိုင်ရှာတော့ သူနှစ်သက်တဲ့ anime ရုပ်ရှင်တွေကို ဆက်လက်ဖန်တီးဖြစ်နေတာပဲဖြစ်ပါတယ်။ Miyazaki ဟာ မကြာမီပြသမယ့် “Boro the Caterpillar” အပြင် “Kimitachi wa Dou Ikiru ka” လို့အမည်ရတဲ့ ရုပ်ရှင်ကားကြီးတစ်ကားကိုလည်း ဖန်တီးနေပါသေးတယ်။ လူကသာနေမယ် ဗီဇကတော့မနေနိုင်ဘူးဆိုသလိုပါပဲ.. ဘာပဲဖြစ်ဖြစ် Ghibili ပရိသတ်တွေအတွက်ကတော့ သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

Ref: ANN
Featured image is the courtesy of Studio Ghibili

Leave a Reply

Your email address will not be published. Required fields are marked *