Wuba လေးကို ပြန်လည်တွေ့ရအုံးမယ့် Monster Hunt 2

Chinese film ဖြစ်တဲ့ Monster Hunt 2 ကိုတော့ February လထဲမှာ release လုပ်မယ်လို့သိရပါတယ်။ ၂၀၁၅ မှာ Monster Hunt ကို စတင်မိတ်ဆက်ပြသပေးခဲ့ပြီး ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပြီး နိုင်ငံသမိုင်းတွင် ၀င်ငွေ အများဆုံးရသည့် ဇာတ်ကားအဖြစ် စံချိန်သစ်ကို ရနိုင်ခဲ့ကြောင်း သိရသည်။ Monster Hunt ရဲ့ အဓိကဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ Wuba လေးကတော့ ဒီဇာတ်ကားထဲမှာ ကလေးလူကြီးမရွေး အားလုံးကို ဆွဲဆောင်နိုင်ခဲ့တဲ့ သူလေးဖြစ်ခဲ့ပါတယ်။

ပထမ Monster Hunt မှာတုန်းက Wuba လေးကို မွေးဖွားခဲ့ကြပြီး အခုလာမဲ့ Monster Hunt 2 ထဲမှာတော့ Wuba လေးဟာ သူ့ရဲ့ လူသားမိဘတွေနဲ့ လမ်းခွဲပြီး

Monster တိုင်ပြည်တစ်ခုကို ရောက်လာခဲ့ပါတယ်။ Wuba လေးကို တခြား Monster အုပ်စုက လိုက်ဖမ်းလို့ ထွက်ပြေးရင်း အလောင်းကစားသမား လူသားတစ်ယောက်စီကို ရောက်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် Wuba လေးကို လိုက်ဖမ်းနေတဲ့ Monster တွေရဲ့ရန်ကနေ လွတ်မြောက်နိုင်ဖို့ရန်အတွက် Wuba လေးရဲ့မိဘနဲ့ အလောင်းကစားသမားကြီးတို့ ပူးပေါင်းပြီး ခုခံရင်း ကယ်တင်ပေးကြရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ Adventure ဆန်ဆန်ဇာတ်ကားတစ်ကားလည်းဖြစ်တာကြောင့် ရသမျိုးစုံကို ခံစားနိုင်မှာဖြစ်ပါတယ်။ Wuba လေးကို လူဆိုးတွေလက်ကနေ လွတ်မြောက်အောင် ဘယ်လိုမျိုးဝိုင်းဝန်းပြီး ကယ်ကြမလည်းဆိုတာကိုတော့ အကြိုရင်ခုန်ကြည့်ချင်ရင် အောက်က tralier လေးမှာ ခံစားကြည့်လို့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *