ပရိသတ်တွေ ရင်ထဲကို နေရာယူအုံးမယ့် ဇဏ်ခီနဲ့ Christina Kyi တို့ရဲ့ Mudras Calling…

မြန်မာတစ်နိုင်ငံလုံးရဲ့ ရုပ်ရှင်လောကနဲ့ ပရိသတ်တွေကို ကိုင်လှုပ်သွားတဲ့ ဥပါယ်တံမျဉ် ဇာတ်ကားကိုတော့ မသိတဲ့သူမရှိလောက်ဘူးလို့ ထင်ပါတယ်နော်။ ဒီဇာတ်လမ်းလေးတုန်းက အမျိုးသမီး ဒါရိုက်တာအသစ် Christina Kyi ရိုက်ကူးပြီး ဇဏ်ခီ၊ သက်မွန်မြင့်၊ မင်းဦး၊ အောင်မြင့်မြတ်နဲ့ ထိုင်းမင်းသမီး Kaew Korravee တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဥပါယ်တံမျဉ်ရဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ ဇာတ်အိမ်ကို တည်ဆောက်သွားတဲ့ပုံစံက ကြည့်ဖူးနေကျ မြန်မာဇာတ်ကားတွေကို မျက်နှာငယ်သွားလောက်တဲ့ထိ ကွဲထွက်သွားစေခဲ့ပြီး ဒါရိုက်တာလောကကိုပါ တုန်လှုတ်ခြောက်ခြားသွားစေခဲ့ပါတယ်။ ပရိသတ်တွေဆီက ပြန်ရတဲ့ positive feedback တွေနဲ့ ဆက်လက်အသက်ရှင်ပြီး ပရိသတ်တောင်းဆိုမှုကြောင့် ရက်ပေါင်းများစွာ ရုံတင်နိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ခဲ့ပါတယ်။

အခုလည်း ဥပါတ်တံမျဉ်ဆိုတဲ့ ဇာတ်ကားမဖြစ်ပေါ်ခင်ကတည်းက ရိုက်ကူးထားတယ်လို့ လူအများပြောကြတဲ့ Mudras Calling ကိုလည်း ပရိသတ်ရှေ့ချပြဖို့အတွက်ကြိုစားနေရင်း မကြာခင်မှာဘဲ JCGV ရုပ်ရှင်ရုံတွေမှာ “ Mudras Calling တင်မယ်ဆိုရင် ဘယ်သူတွေအားပေးကြမှာလဲ “ ဆိုတဲ့ caption နဲ့ JCGV page မှာစစ်တမ်းကောက်ထားတာကို တွေ့ရပါတယ်။ comment တွေမှာတော့ အားလုံးက ရုံတင်စေချင်ပြီး ဇာတ်ကားအပေါ်မှာ serious ဖြစ်နေကြတာကို မြင်တွေ့ရပြီး အားလုံးရဲ့ အဖြေကိုကြည့်ရသလောက်တော့ Mudras Calling ကိုကြည့်ချင်တဲ့ ပရိသတ် ၉၀ရာခိုင်နှုန်းလောက် ရှိနေတာကိုလည်း မြင်တွေ့လိုက်ရပါတယ်။ ဒီဇာတ်ကားရဲ့ သရုပ်ဆောင်တွေအဖြစ် ဇဏ်ခီနဲ့ လှယဉ်ကျေး တို့က  အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ နောက်တခုကတော့ International Feature Film အဖြစ် Platinum Award အပြင် Kashmir International Film Festival မှာလည်း Best Feature Film ဆုကိုရရှိထားပြီး Cambodia နိုင်ငံ Phnom Penh International Film Festival မှာလည်း ပြသသွားအုံးမှာဆိုတော့ အခုလိုချပြရဲ့တဲ့ သတ္တိနဲ့ ဆုတံဆိပ်တွေက ဇာတ်လမ်းရဲ့ဆွဲဆောင်နိုင်မှုကို ဖော်ပြလိုက်တာ အသေချာပါဘဲ။ မကြာခင် JCGV ရဲ့ ရုပ်ရှင်ပိတ်ကားပေါ်မှာလည်း  မြင်တွေ့ရတော့မယ်လို့ ပရိသတ်အားလုံးကတော့ ယုံကြည်နေကြပါတယ်။

 

Mudras Calling ရဲ့ trailer တွေကို ကြည့်ရတာလည်း ဥပါယ်တံမျဉ် တုန်းကလိုဘဲ ဇာတ်လမ်းကို ကြိုမသိနိုင်ဘဲ ဇာတ်အိမ်တည်ဆောက်ပုံက တော်တော်လေးကောင်းမယ်လို့ ယုံကြည်ပါသေးတယ်။ ဒါရိုက်တာ Christina Kyi ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလည်းဖြစ်လို့ ဒီရုပ်ရှင်လည်းမှာလည်း ဆက်လက်အောင်မြင်အုံးမှာကို ယုံကြည်ရင်း အောက်မှာပေးထားတဲ့ tralier လေးတွေကို ကြည့်ပြီး ရင်ခုန်ခံစားလိုက်ရအောင်နော်….

Leave a Reply

Your email address will not be published. Required fields are marked *